လှပ်၍လွင့်သော

From Wikipedia, the free encyclopedia

လှပ်၍လွင့်သော
Remove ads

လှပ်၍ လွင့်သော သည် ၂၀၁၉ ခုထွက် မြန်မာ ရုပ်ရှင်ဇာတ်ကား ဖြစ်သည်။ စံပယ်ဖြူနု၏ လှပ်၍လွင့်သော ကမ္ဘာ ဝတ္ထုကို ဝိုင်း ဇာတ်ညွှန်းခွဲ ရိုက်ကူးသည်။ [] ကျော်ရဲအောင်မို့မို့မြင့်အောင်ဖွေးဖွေးခင်ဝင့်ဝါတို့ အဓိက ပါဝင်ထားကြသည်။ မတ်လ ၂၂ ရက်နေ့တွင် ရုံတင်သည်။

အချက်တိုများ လှပ်၍လွင့်သော, အခြေခံအချက်အလက် ...
Remove ads

ဇာတ်လမ်းအကျဉ်း

ဆယ်တန်းစာပြသော သာမန်မိန်းကလေး ငြိမ်းမှာ ရင်းနှီးသူဟူ၍ ဖခင် ဦးမောင်ပြေ၊ ဥက္ကာ၊ ဥက္ကာ၏အစ်မ မမသက်တို့သာ ရှိသည်။ တစ်နေ့သော် ဥက္ကာတို့အလှူ၌ မမသက်၏မိတ်ဆွေ ကြည်ပြာနှင့် ဆုံသည်။ ကြည်ပြာက ခင်ငြိမ်းချမ်းဖခင်မှာ သူ့မောင် တာရာကို သတ်သွားသည်ဟု ပြောလာသည်။

အဒေါ်ဖြစ်သူအား မေးရာ စွပ်စွဲခံရဖူးသော်လည်း ကွင်းလုံးကျွတ် လွတ်လာကြောင်း ပြောသည်။ ဖခင်၏ သိက္ခာအတွက် လွန်ခဲ့သော (၁၈) နှစ်က အမှုကို ငြိမ်းက ပြန်ဖော်ရန် ကြိုးစားတော့သည်။

ဦးမောင်ပြေ၏ မူလဌာနေမှာ ဘားအံဖြစ်သည်။ ထိုအရပ်၌ သစ်လုပ်ငန်းလုပ်ကာ နေသည်။ သူနှင့် အဆင်မပြေသူမှာ ကြည်ပြာနှင့် တာရာတို့၏ ဖခင် ဦးသက်ဆွေ ဖြစ်သည်။ ရန်ပုံငွေကိစ္စတစ်ခုနှင့် အဆင်မပြေဖြစ်ကြရာ ဦးမောင်ပြေက တာရာကို တမလွန်ပို့ကာ ဦးသက်ဆွေအား ရန်စသည်။ ခရိုင်တရားရုံး၌ ထောင် (၁၀) နှစ်ကျရန် အမိန့်ချသော်လည်း ပြည်နယ်၌ အယူခံဝင်ပြီးနောက် ငွေများငွေနိုင်ဖြစ်ကာ လွတ်သွားသည်။ အမှုပြီးနောက် ပြည်ဖုံးကားချသည့်အနေဖြင့် ရန်ကုန်သို့ ပြောင်းနေသည်။

ခံဖက်မှ ကြည်ပြာတို့မှာ်မကျေမချမ်းဖြင့် တနုံ့နုံ့ ခံစားရသည်။ ဦးမောင်ပြေမှာလည်း လိပ်ပြာမလုံ၍ တရှောင်ရှောင်ဖြစ်နေသည်။

အဖြစ်အပျက်စုံကို ငြိမ်း သိပြီးနောက် ဖခင်အပေါ်ထားသည့် သူ့အမြင်များ ပြောင်းသွားတော့သည်။ ကြည်ပြာမှာလည်း ငြိမ်း၏ အားထုတ်မှုကို ကျေနပ်ကာ ဦးမောင်ပြေအပေါ် ဥပက္ခာ ပြုနိုင်သွားသည်။

Remove ads

ဇာတ်ဆောင်များ

  • မကြည်ပြာ အဖြစ် ခင်ဝင့်ဝါ (ငယ်ဘဝ)၊ မို့မို့မြင့်အောင် (ကြီးဘဝ)
  • ခင်ငြိမ်းချမ်း (သို့) ငြိမ်း အဖြစ် ဖွေးဖွေး
  • ဦးမောင်ပြေ အဖြစ် ကျော်ရဲအောင်
  • တာရာ အဖြစ် နိုင်နိုင်းထက်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads