ဝဇီရာဟုင်္ကရမုဒြာ
From Wikipedia, the free encyclopedia
Remove ads
ဝဇီရစိန်မိုးကြိုးလက်နက်ကိုင်ထားဟန် ဖြစ်သည်။
အတွင်းဘက်လှည့်ထားသော လက်နှစ်ဖက်ကို လက်ကောက်ဝတ်နေရာလောက်တွင် ကြက်ခြေခတ်၍ ရင်ဘတ်ရှေ့၌ထားသောဟန် ဖြစ်သည်။ လက်ျာလက်တဖက်တွင် မိုးကြိုးသွားကို ကိုင်ထား၍ လက်ဝဲဘက်လက်တွင် (ဆည်းလည်း) ဆွဲလဲ, သို့မဟုတ် ခေါင်းလောင်းငယ်ကို ကိုင်ဆောင်ထားသည်။
မိုးကြိုးသွား၏ အဓိပ္ပါယ်မှာ သုညတခေါ် ပရမတ္ထသစ္စာ ဖြစ်သည်။ (ဆည်းလည်း) ဆွဲလဲ ခေါင်းလောင်း၏ အဓိပ္ပါယ်မှာ ပညာဖြစ်သည်။ ဆည်းလည်းသံ ခေါင်းလောင်းသံ ဟူသည် မည်သည့် အခါမျှ မဆိတ်သုဉ်းပဲ ဝေးလံသော ခရီးသို့ပျံ့နှံ့၍ သွားနိုင်ဘိသကဲ့သို့ ပညာ၏အသံ အရှိန်အဝါသည်လည်း ဝေးနီးနှံစပ် အရပ်ရပ်သို့ ပျံ့လွင့်၍ သွားနိုင်သော အနက်သဘောရှိသည်ဟု ပညာရှိများက မိန့်ဆိုတော်မူကြသည်။
အရိယသစ္စာနဒဿနမင်္ဂလာ, နိဗ္ဗာနသစ္ဆိကိရိယမင်္ဂလာ, ဗာဟုသစ္စမင်္ဂလာ, သိပ္ပဉ္စ မင်္ဂလာတို့ကို သရုပ်ဆောင်ထားခြင်း ဖြစ်သည်။
ပညာပါရမီ, သစ္စာပါရမီ, သီလပါရမီ, မေတ္တာပါရမီ စတို့ကို ရည်ညွှန်းဖော်ဆောင် ထားသည်။
အဗ္ဘုတရသ, သန္တရသတို့ကို ပေါ်လွင် ထင်ရှားစေသည်။
ပုံစံအားဖြင့် ဝဇီရာဓရ ဆင်းတုတော်များ သံဝရ ဆင်းတုတော်များ, တြိလောကဝိဇယနှင့် ယီဒမ်ဆင်းတုတော်များသည် ဤ ဝဇီရာဟုင်္ကရမုဒြာဖြင့် ရှိတတ်ပေသည်။ ပုဂံဆေးရေးပန်းချီရုပ်များ တွင်၎င်း, ဂန္ဓာရီ အင်းအိုင် အစီအရင်ပုံများတွင်၎င်း များစွာပင် တွေ့ရတတ်ပေသည်။
သိဒ္ဓိအမျိုးမျိုး သျှိုအမျိုးမျိုး အပါးသုံးဆယ်ပြီးပြည့်လိုသော် ဝဇီရာဟုင်္ကရမုဒြာဖြင့် ရုပ်ပွားဆင်းတုကို စီရင်၍ ကိုးကွယ်ရမည်ဟူ၍ ဝဇီရာယကျမ်းဂန်များ၌ တိကျပြတ်သားစွာ မိန့်ကြား ထားလေသည်။
ဩဇာအာဏာ ထက်မြက်ခြင်း, ဘုန်းတန်ခိုးကြီးထွားခြင်း, လာဘ်သပ်ပကာ ပေါများခြင်း, ရန်သူကို ချေမှုန်းနိုင်ခြင်း, နတ်ဆိုး ပြိတ္တာ နတ်ယုတ်မာတို့၏ရန်ကို ချဖျက် နှိမ်နင်းနိုင်ခြင်း, စုံး တစ္ဆေ ကဝေ မင်စာ စသည့် အောက်တန်းစား အနှောက်အယှက် အနှောင့်အမည်းများကို နှင်မောင်းဟန့် တားနိုင်ခြင်း, ဆုံးမဒဏ်ခတ်နိုင်ခြင်း စသော သတ္တိအကျိုးထူးများကို ရရှိနိုင်စေကြောင်း ဝဇီရာယာန ကျမ်းများက ပြဆိုထားသည်။ [၁][၂] [၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads