ဝဇ္ဇီတိုင်း

From Wikipedia, the free encyclopedia

Remove ads

ဝဇ္ဇီတိုင်းကြီးကား မြတ်စွာဘုရားလက်ထက်တော်၌ ထင်ရှားသော တိုင်းကြီးပင် ဖြစ်သော်လည်း ပဒေသရာဇ် အာဏာပိုင် မင်းတရားများ စိုးမိုးအုပ်ချုပ်သော တိုင်းပြည် မဟုတ်ဘဲ မင်းအများအုပ်ချုပ်သော တိုင်းကြီးဖြစ်၍ သာသနာတော်တွင်လည်း ဒေသနာတော် ဓမ္မစက် ထွန်းကားစည်ပင်ရာ တိုင်းနယ်ကြီးဖြစ်ကြောင်း၊ ၎င်းတိုင်းကြီးကို လိစ္ဆဝီ အမျိုးများ အုပ်ချုပ်ခွဲခန့်သဖြင့် လိစ္ဆဝီနိုင်ငံကြီး ဟူ၍လည်း ထင်ရှားကြောင်း၊ ၎င်း၏ မြို့တော်ကြီးလည်း များစွာသော သိက္ခာပုဒ်များ ပညတ်တော်မူရာ များစွာသော သုတ် ဒေသနာတော်များ ဟောကြားတော်မူရာဌာနဖြစ်၍ သာသနာတော်တွင် ထင်ရှားသော ဝေသာလီမြို့တော်ကြီး ဖြစ်ကြောင်း မှတ်ယူအပ်ကုန်၏။ ၎င်းပြင် သာသနာနောက်ပိုင်းမှာ ၎င်းဝဇ္ဇီတိုင်းသား အဓမ္မဝါဒီများ၏ တရားဓမ္မကံမကျ ဝိနယဓမ္မနှင့် ဖီလာဖြစ်သော အဓမ္မဝါဒများ ဟောပြောကြခြင်းကို အကြောင်းပြု၍ ဒုတိယသံဂါယနာတင်ရသဖြင့်လည်း သာလွန်ထင်ရှားသော သံဂါယနာတင်ရာ နိုင်ငံကြီးဖြစ်ခဲ့လေသည်။

၎င်းပြင် ဝိဒေဟတိုင်းသည် ရှေးကတိုင်းကြီး နိုင်ငံကြီး ဖြစ်ခဲ့သော်လည်း မြတ်စွာဘုရားလက်ထက်တော်၌ ဝဇ္ဇီတိုင်းအထဲတွင်ပါဝင်၍ မိထိလာမြို့တော်သည်လည်း မင်းနေပြည်မဟုတ်တော့ဘဲ ပုဏ္ဏားကြီးများ စိုးမိုးအုပ်ချုပ်သော မြို့မျှသာ ဖြစ်ခဲ့လေသည်။ []

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads