ဝန်ကြီးချုပ်
From Wikipedia, the free encyclopedia
Remove ads
ဝန်ကြီးချုပ်သည် ပါလီမန် ဒီမိုကရေစီ စနစ် ကျင့်သုံးသည့် နိုင်ငံများတွင် အစိုးရ အုပ်ချုပ်ရေးအဖွဲ့တွင် ရာထူးအမြင့်ဆုံး ဝန်ကြီးဖြစ်သည်။ စနစ်အတော်များများတွင် ဝန်ကြီးချုပ်သည် ဝန်ကြီးအဖွဲ့ရှိ အခြားဝန်ကြီးများကို ရွေးချယ်နိုင်သလို ရာထူးမှ ဖယ်ရှားနိုင်သည်။ အစိုးရအတွင်း ဝန်ကြီးများအား ဌာနတစ်ခုမှ အခြားဌာနသို့လည်း ပြောင်းရွှေ့ခန့်အပ်နိုင်သည်။ စနစ်အများစုတွင် ဝန်ကြီးချုပ်သည် ဝန်ကြီးအဖွဲ့၏ သဘာပတိ သို့မဟုတ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည်။ သမ္မတနှင့် ဝန်ကြီးချုပ် ပူးတွဲအုပ်ချုပ်သည့် နိုင်ငံများတွင်မူ ဝန်ကြီးချုပ်သည် နိုင်ငံတော်အကြီးအကဲက ချမှတ်ထားသော မူဝါဒများ၊ လမ်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်ရသည့် အရာရှိဖြစ်သည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads