ဝါယောကသိုဏ်း
From Wikipedia, the free encyclopedia
Remove ads
ဝါယောကသိုဏ်းကိုလည်း ရှေးအတိတ် နီးသောဘဝက ဝါယော−လေကသိုဏ်းကို ရခဲ့ဖူးသော အထုံပါရမီ အဓိကာရ ရှိခဲ့လျှင် ပကတိကောင်းကင်ပြင်မှာ လွင့်တိုက်၍နေသော လေကိုပင်ဖမ်း၍ နိမိတ်ရအောင် ယူနိုင်၏။

အထုံဝသီ ပါရမီ အဓိကာရ မရှိခဲ့လျှင် မြက်ပင်ဖျား၊ ပြောင်းပင်ဖျား၊ ကြံပင်ဖျား၊ ဝါးရုံပင်ဖျား၊ သစ်ကိုင်းဖျား၊ လက်လေးသစ်မျှလောက်ရှည်သော ဆံတိုဆံပင်ဖျားတို့၌ လေတဖျတ်ဖျတ်ခတ်၍ လှုပ်၍နေသောအခါ ထိုခတ်အပ်သော မြက်ပင်ဖျား၊ ပြောင်းပင်ဖျား၊ ကြံပင်ဖျား စသည်တို့ဖြင့် မှတ်၍ တိုက်ခတ်လာသောလေကို ဤနေရာ၌ လေတွေ ပြေးလွင့်၍ တိုက်ခတ်၍ ရှိနေသည်ဟု သတိပညာဖြင့် မှတ်၍ စိတ်ကူးကာ "လေ လေ" ဟု ကြည့်ရှုဖမ်းယူအပ်၏။ လေတိုက်ခတ်သောအခါ ကိုယ်ကို လေတိုက်ခံ၍သော်လည်း ထိုလေတိုက်ခတ်၍ ထိမှန်းသိသောနေရာ၌ လေကိုနှလုံးသွင်း၍ သတိပညာဖြင့် မှတ်၍ စိတ်ကူး၍ ဖမ်းယူအပ်၏။
ဤလေကသိုဏ်း၌ ဥဂ္ဂဟနိမိတ်ကား ရေတွေကဲ့သို့သော်လည်းကောင်း၊ မီးခိုးကဲ့သို့သော်လည်းကောင်း စီးသွားပြေးလွင့်သော အခြင်းအရာအားဖြင့် လှုပ်ရှားလျက် ထင်၏။ ပဋိဘာဂနိမိတ်ကား မလှုပ်မရှား ငြိမ်သက်စွာ ထင်၏။ ဈာန်ပေါ်ပုံမှာ ပထဝီမြေကသိုဏ်းနည်းအတိုင်း ပေါ်၏။ လေကို မျက်စိဖြင့် မမြင်ရသော်လည်း မီးခိုးတို့၊ ရေတို့ကဲ့သို့ပင် ဖြစ်သည်။[၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
