ဝါရမိတ္တုရက်ငယ်

From Wikipedia, the free encyclopedia

Remove ads

ဝါရမိတ္တုရက်ငယ်ကျရောက်သော နေ့တွင် အိမ်တက်ခြင်း၊ ထိမ်းမြားလက်ထပ် မင်္ဂလာယူခြင်း၊ ခရီးထွက်ခြင်း၊ ကုန်ရောင်းကုန်ဝယ် ပြုခြင်းတို့ကို ရှောင်ကြဉ်ကြသည်။ မရှောင်ကြဉ်ဘဲ ပြုမိပါက ပျက်စီးဆုံးရှုံးခြင်းတို့နှင့် ကြုံတွေ့ရတတ်သည်ဟု ယုံကြည်ကြသည်။ ဝေဒကျမ်းဂန်များမှ ဆင်းသက်လာသော အယူအဆ ဖြစ်ကာ ရှေးမြန်မာလူမျိုးများ သုံးစွဲခဲ့ကြပြီး ထိုအယူအဆသည် ယနေ့ထက်တိုင် အချို့သော ဒေသများ၌ အမြစ်တွယ်နေဆဲ လက်ခံယုံကြည်နေကြဆဲ ဖြစ်သည်။

အလားတူ ရွေးချယ်ရသည့် ရက်မှာ ဝါရမိတ္တုရက်ကြီး ဖြစ်သည်။ ပြဿဒါးနှင့် ရက်ရာဇာ ရွေးသကဲ့သို့ ဖြစ်သည်။

Remove ads

ဝါရမိတ္တုရက်ငယ် ၇ ရက်

  • မည်သည်လမဟူ လဆန်းလဆုတ် ၆ ရက်၌ စနေကျသည့် ရက်။
  • မည်သည့်လမဟူ လဆန်းလဆုတ် ၇ ရက်၌ သောကြာကျသည့် ရက်။
  • မည်သည့်လမဟူ လဆန်းလဆုတ် ၈ ရက်၌ ကြာသပတေးကျသည့် ရက်။
  • မည်သည့်လမဟူ လဆန်းလဆုတ် ၉ ရက်၌ ဗုဒ္ဓဟူးကျသည့် ရက်။
  • မည်သည့်လမဟူ လဆန်းလဆုတ် ၁၀ ရက်၌ အင်္ဂါကျသည့် ရက်။
  • မည်သည့်လမဟူ လဆန်းလဆုတ် ၁၁ ရက်၌ တနင်္လာကျသည့် ရက်။
  • မည်သည့်လမဟူ လဆန်းလဆုတ် ၁၂ ရက်၌ တနင်္ဂနွေကျသည့် ရက်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads