ဝါးတားဂိတ် အရှုပ်တော်ပုံ

၁၉၇၀ ခုနှစ်များအတွင်း အမေရိကန်ပြည်ထောင်စုတွင် ဖြစ်ပွားခဲ့သော နိုင်ငံရေးအရှုပ်တော်ပုံ From Wikipedia, the free encyclopedia

Remove ads

ဝါးတားဂိတ် အရှုပ်တော်ပုံ ဆိုသည်မှာ ၁၉၇၀ ပြည့်နှစ်များအတွင်း အမေရိကန်ပြည်ထောင်စု တွင် ဖြစ်ပွားခဲ့သော နိုင်ငံရေး အရှုပ်တော်ပုံ တစ်ခုဖြစ်ပြီး ဝါရှင်တန်ဒီစီ ရှိ ဒီမိုကရက်တစ် နေရှင်နယ် ကော်မတီ၏ ရုံးချုပ်အဆောက်အအုံဖြစ်သော ဝါးတားဂိတ် အဆောက်အဦးကို ဖောက်ထွင်းဝင်ရောက်ရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။ ထိုအရှုပ်တော်ပုံကြောင့် ၁၉၇၄ ခုနှစ် ဩဂုတ်လ ၉ ရက်တွင် အမေရိကန် သမ္မတ ရစ်ချက် နစ်ကဆင် ရာထူးမှ နုတ်ထွက်သည် အထိ ဖြစ်ခဲ့ရပြီး အမေရိကန် သမ္မတများတွင် ပထမဆုံး နှင့် တစ်ဦးတည်းသော နုတ်ထွက်မှု ဖြစ်သည်။ ထို့ပြင် နစ်ဆစ် အစိုးရ၏ အရာရှိ အချို့တို့ ရုံးတင် တရာစွဲခံရခြင်း၊ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားခြင်းနှင့် ထောင်သွင်း အကျဉ်းချခံရခြင်းတို့ ဖြစ်ခဲ့ရသည်။

ထိုအဖြစ်အပျက်သည် ၁၉၇၂ ခုနှစ် ဇွန်လ ၁၇ ရက်တွင် ဒီမိုကရက်တစ် နေရှင်နယ် ကော်မတီ၏ ရုံးချုပ် အဆောက်အအုံကို ဖောက်ထွင်းဝင်ရောက်ခဲ့သော လူ ၅ ဦးကို ဖမ်းဆီးမိရာမှ စတင်ခဲ့သည်။ အက်ဖ်ဘီအိုင်မှ သူခိုးများကို ပေးသော ပိုက်ဆံကို ၁၉၇၂ ခုနှစ် သမ္မတ ပြန်လည် အရွေးခံသည့် ကော်မတီ၏ ရန်ပုံငွေများနှင့် ဆက်စပ်နေကြောင်း တွေ့ရှိခဲ့ကြသည်။ သမ္မတ၏ ဝန်ထမ်းများနှင့် ဆက်စပ်နေသော သက်သေအထောက်အထားများကို တွေ့ရှိခဲ့ပြီးသည့်နောက်တွင် ယခင် ဝန်ထမ်းအချို့တို့က ဆီးနိတ်လွှတ်တော် ဝါးတားဂိတ် ကော်မတီတွင် အစစ်ဆေးခံစဉ် လျှို့ဝှက်ချက်တို့ကို ဖွင့်ချခဲ့သည်။ သမ္မတ နစ်ဆင်အနေနှင့် သူ၏ ရုံးခန်းထဲတွင် တိပ်ခွေဖြင့် အသံဖမ်းသည့် စနစ်ကို တပ်ဆင်ထားပြီး အခြားသူများနှင့် စကားပြောနေစဉ် အသံဖမ်းထားကြောင်း ထွက်ဆိုခဲ့ကြသည်။ ထိုအသံသွင်းထားချက်များမှ သမ္မတကို ဒုက္ခ အကြီးအကျယ် ရောက်စေခဲ့ပြီး သူ့အနေနှင့် ဖောက်ထွင်းဝင်ရောက်မှု ကို ဖုံးကွယ်ရန် ကြိုးစားခဲ့ကြောင်း ပေါ်လွင်ထင်ရှားလာခဲ့သည်။ ပြင်းထန်သော တရားရုံးအမှုအခင်းများ ဖြစ်ပွားပြီးနောက် အမေရိကန် တရားရုံးချုပ်မှ သမ္မတအား တိပ်ခွေများကို လွှဲပြောင်း ပေးအပ်ရန် အမိန့်ချခဲ့ပြီး သမ္မတက အမိန့်အတိုင်း နောက်ဆုံးတွင် လိုက်နာခဲ့သည်။

အောက်လွှတ်တော်တွင် အစွပ်အစွဲခံရမည်မှာ သေချာသလောက်ဖြစ်ပြီ: ဆီးနိတ်လွှတ်တော်တွင် အပြစ်ရှိကြောင်း တွေ့ရှိမည်မှာ သေချာသလောက် ဖြစ်သဖြင့် နစ်ကဆင်သည် သမ္မတရာထူးမှ ၁၉၇၄ ခုနှစ် ဩဂုတ်လ ၉ ရက်တွင် နုတ်ထွက်ခဲ့သည်။ သူ၏ နောက်မှ သမ္မတဖြစ်သော ဂဲရက် ဖို့ဒ်က နစ်ကဆင်အား နုတ်ထွက်ပြီးနောက်တွင် အပြစ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads