ဝိညာဏဉ္စာယတန
From Wikipedia, the free encyclopedia
Remove ads
ဝိညာဏဉ္စာယတနဘုံ ဆိုသည် ဝိညာဏဉ္စာယတန ဝိပါက် နာမက္ခန္ဓာတရားလေးပါး၊ ထို ဝိပါက် နာမက္ခန္ဓာတရားလေးပါးနှင့် ပိုင်းခြားထားသည့် ကောင်းကင်အရပ်ကို ခေါ်သည်။ အာကာသာနဉ္စာ ယတနဘုံနှင့် ယူဇနာ ငါးသန်း၊ ငါးသိန်း၊ ရှစ်ထောင် ကွာဝေးသည်။ ဝိညာဏဥစ္စာယတနဘုံဟု ဆိုသော်လည်း ပုံသဏ္ဌာန်အထင်အရှားမရှိပေ။ ဝိညာဏဥစ္စာယတနဘုံကို သိလွယ်အောင် ပုံသဏ္ဌာန်ဖြင့် ဖော်ပြရလျှင် ဝိုင်းဝိုင်းဝန်းဝန်း ဝ-အက္ခရာ ကွင်းပြီးရေးသားဖော်ပြသင့်သည်။
သဒ္ဒါကျမ်းပြုဆရာ အရှင်အနုရုဒ္ဓါထေရ်က `အရူပဘူမိ´ဟု ဘူမိသဒ္ဒါနှင့် အသုံးပြုထားသည်ကို တွေ့ရသည်။ ဝိညာဏဥစ္စာယတနဘုံတွင် ရူပက္ခန္ဓာ မရှိ၊ နာမ်ခန္ဓာ သက်သက်ဘဲရှိ၍ ဘုံမခေါ်ဆိုနိုင်၊ ဘုံမမည်နိုင်ဘူးဟု အယူမှားများ မဝင်ရအောင် ဘူမိသဒ္ဒါကို ထည့်သုံးထားခြင်း ဖြစ်သည်။ ဘုံဗိမာန်တွေမရှိ၍ ဘူမိသဒ္ဒါကို ထည့်သုံးထားခြင်း မဟုတ်ပေ။
ဝိညာဏဉ္စာယတနဘုံတွင် တိဟိတ်ပုထုဇဉ်တစ်ယောက်နှင့် သောတာပတ္ထိမဂ္ဂဌာန် ပုဂ္ဂိုလ်ကြဉ်တဲ့ အရိယာပုဂ္ဂိုလ် (၇)ယောက်ရသည်။ ဝိညာဏဥစ္စာယတနဘုံကို ရောက်လာသော ပုဂ္ဂိုလ်များသည် ဝိညာဏဥစ္စာယတနဈာန်ကို ရကြသည်။ ထိုဈာဉ်ကို ရရန်အတွက် အာကာသာနဉ္စာ ယတန ကုသိုလ် ဝိညာဏ်ကို ဝိညာဏံအနန္တံ ၊ ဝိညာဏံအနန္တံ ဟု အဖန်ဖန် ကမ္မဋ္ဌာန်း စီးဖြန်းကြရသည်။
ဝိညာဏဥစ္စာယတနဘုံ၏ ပဋိသန္ဓေစိတ်သည် ဝိညာဏဥစ္စာယတန ဝိပါက်စိတ်ဖြစ်သည်။ ဝိညာဏဥစ္စာယတနဘုံရှိ ဗြဟ္မာများသည် သက်တမ်းအားဖြင့် ကမ္ဘာလေးသောင်း အသက်ရှည်သည်။ ဝိညာဏဥစ္စာယတနဘုံသည် ကမ္ဘာကြီးပျက်သည့် အထဲတွင် မပါဝင်ပေ။ [၁]
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads