ဝိုင်းစုခိုင်သိန်း

From Wikipedia, the free encyclopedia

Remove ads

ဝိုင်းစုခိုင်သိန်းသည် မြန်မာ အမျိုးသမီး အဆိုတော်၊ ကြော်ငြာ၊ ဗီဒီယို သရုပ်ဆောင်တစ်ယောက် ဖြစ်သည်။ ဒီဇင်ဘာ ၂၄၊ ၁၉၈၆ တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ပြီး အမည်ရင်းမှာ ဝိုင်းစုခိုင်သိန်း ပင်ဖြစ်သည်။ အ.ထ.က(၁)ဒဂုံ တွင် သူငယ်တန်းကမှ တက္ကသိုလ်ဝင်တန်းထိ နေခဲ့သည်။ ၂၀၀၃-ခုနှစ်တွင် ဆယ်တန်းအောင်မြင်၍ အင်္ဂလိပ်စာအဓိကနှင့် ဘွဲ့ရသည်။ ၂၀၀၄−ခုနှစ်တွင် သရုပ်ဆောင်အဖြစ်ဖြင့် အနုပညာလုပ်ငန်းကို စတင်ခဲ့သည်။ ပထမဆုံး တေးစီးရီးအဖြစ် မက်လောက်စရာ ကို ထုတ်ဝေခဲ့သည်။ ထိုစီးရီးဖြင့် အောင်မြင်မှုရလာပြီးနောက် မျက်လှည့်အာဘွားခါချနေရတယ် အမည်ရှိ စီးရီးများ ထပ်မံထွက်ရှိခဲ့သည်။

အချက်တိုများ ဝိုင်းစုခိုင်သိန်း, မွေးဖွား ...

တေးသံရှင် ဝိုင်းစုခိုင်သိန်းသည် ကိုဥက္ကာမြင့်ကြူ နှင့် ၂၀၁၄-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်၌ မင်္ဂလာဆောင်ခဲ့ပြီး ၂၀၁၆-ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့တွင် စိတ်သဘောထားချင်း မတိုက်ဆိုင်တော့သည့်အတွက် တရားဝင် နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲခဲ့သည်။ လက်ရှိတွင် အဆိုတော် အောင်လ နှင့်လက်တွဲလျက်ရှိသည်။

ဝိုင်းစုခိုင်သိန်း၏ တစ်ကိုယ်တော်စီးရီးသစ် ဂါ ကို ၂၀၁၆-ခု၊ အောက်တိုဘာ ၂၁-ရက်နေ့တွင် ထွက်ရှိသည်။ Mini albumမယ်သီတာ ကို၂၀၁၇-ခု၊ ဂျူလိုင် ၁၆တွင်ဖြန်ချီခဲ့သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads