ဝီကီရင်းမြစ်

ဝီကီမီဒီယာဖောင်ဒေးရှင်း ပရောဂျက်၊ ဝီကီပေါ် ရနိုင်သော အခမဲ့ အကြောင်းအရာများတွက် အွန်လိုင်း From Wikipedia, the free encyclopedia

ဝီကီရင်းမြစ်
Remove ads

ဝီကီရင်းမြစ် (အင်္ဂလိပ်: Wikisource) သည် အခမဲ့ရနိုင်သည့် စာပေရင်းမြစ်တို့အတွက် အွန်လိုင်းဒစ်ဂျစ်တယ်စာကြည့်တိုက် ဖြစ်ပြီး ဝီကီမီဒီယာဖောင်ဒေးရှင်းမှ တာဝန်ယူလည်ပတ်နေသည်။ ဝီကီရင်းမြစ်ဟူသည် စီမံကိန်းတခုလုံးကို ခြုံငုံခေါ်ဝေါ်သော အမည်ဖြစ်သည်။ ၎င်းအောက်တွင် ဘာသာစကားအလိုက် ဝီကီရင်းမြစ်များ ရှိသည်။ စီမံကိန်း၏ ရည်ရွယ်ချက်မှာ အခမဲ့ရနိုင်သော ဘာသာစကားအမျိုးမျိုးဖြင့် စာပေအားလုံး၊ ဘာသာပြန်အားလုံးကို စုစည်းပေးရန် ဖြစ်သည်။ ကနဦးတွင် သမိုင်းဝင်စာပေတို့ကို မော်ကွန်းတိုက်အဖြစ်ထားရန် သုံးကြ (ပထမဆုံး ဝီကီရင်းမြစ်ပေါ်ရောက်သော စာမှာ ပြင်သစ်ဘာသာဖြင့်ရေးသည့် ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းဖြစ်) သော်လည်း တစတစဖြင့် အမျိုးစုံသောစာကြည့်တိုက်အနေသို့ ရောက်လာ၏။ တရားဝင်စီမံကိန်းအဖြစ်မူ ၂၀၀၃ ခု၊ နိုဝင်ဘာလ ၂၄ ရက်တွင် စတင်ပြီး ပရောဂျက်ဂူတင်ဘတ် (Project Gutenberg) နှင့် ကာရန်ညှိကာ ပရောဂျက်ဆို့စဘတ် (Project Sourceberg) ဟူသောအမည်ကို ယူသည်။ ထိုနှစ်တွင်ပင် ဝီကီရင်းမြစ်ဟု အမည်ပြောင်းကာ သီးခြားဒိုမိန်းအမည် သုံးခဲ့သည်။

အချက်တိုများ ဝဘ်ဆိုဒ် အမျိုးအစား, ဖတ်ရှုရရှိနိုင်မှု ...


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads