ဝေသာလီဘုရားကြီး

From Wikipedia, the free encyclopedia

Remove ads

ဝေသာလီဘုရားကြီးသည် ရခိုင်ပြည်နယ် ဝေသာလီမြို့ဟောင်း နယ်မြေတွင်တည်ရှိသည်။

သမိုင်းကြောင်း

ဝေသာလီမြို့တော်အား တည်ထောင်သော မဟာတိုင်းစန္ဒရား(ဒွင်စန္ဒြ)မင်းကြီးတွင် သုပဘာဒေဝီ ဟူသော မိဖုရားခေါင်ကြီးရှိလေသည်။ ထိုမိဖုရားကြီး၏ဇာတိမှာ ကပိလဝတ်ပြည်မှဖြစ်သည်။ တနေ့သော် သုပဘာဒေဝီသည် မဟာတိုင်းစန္ဒရား မင်းကြီးအား မိမိတို့၏ ကပိလဝတ်ပြည်တွင် သကျမုနိဘုရား ဟူ၍ရှိသည်။ ထိုဘုရားအား ဖူးမြင်လိုသည်ဟု ပူဆာလေ၏။ မင်းကြီးလည်း ကပိလဝတ်ပြည်မှ သကျမုနိဘုရားအား ပင့်ဆောင်ရန် ဖောင် သင်္ဘောများဖြင့် စေလိုက်လေသည်။ ဤသို့ဖြင့် ကပိလဝတ်ပြည်သို့သွားကာ သကျမုနိ ဘုရားအား ပင့်ဆောင်လာကြရာ သိဌ္စည်းထောင့် ဝဲခနောင်း(မြောက်ဦးမြို့အနီး)သို့ရောက်သောအခါ မိုးသက်လေပြင်းမိ၍ ရေထဲကျသွားလေသည်။ မင်းကြီးနှင့်မိဖုရားအား ထိုအခြင်းအရာကို သံတော်ဦးတင်ကြလေသော် မိဖုရားကြီးမှာ များစွာဝမ်းနည်းလေတော့သည်။ သို့ဖြင့်၍မင်းကြီးက ကျောက်ဆစ်ပညာရှင်များအား ကြီးစွာသော ကျောက်တစ်လုံးအား သကျမုနိ ဘုရားပုံစံအတိုင်း ထုစေပြီးသော် နန်းတော်မြောက်ဘက် တောင်ကုန်းတစ်ခု၌ ဂူတော် ဖြင့်ကိုးကွယ်စေသည်။ သုပဘာဒေဝီ လည်း ထိုဘုရားကြီးအား ပူဇော်ကာ ဆုပန်သည်မှာ နောင်ဘဝတွင် အမိဝမ်းမှ ကျွတ်လျှင်ကျွတ်ခြင်း သကျမုနိဘုရားကြီး၏ ဒကာမ ဖြစ်ရလို၏ ဟူသတည်း။

Remove ads

လက်ရှိအခြေအနေ

နောက်ပိုင်းတွင် ဂူတော်ကြီး ပြိုကျသွားသဖြင့် ယခုအခါ သိမ်တော် ဆောက်လုပ်ကာ ကိုးကွယ်ထားကြသည်။ ဝေသာလီဘုရားကြီး ဉာဏ်တော်မှာ ၁၇ ပေခန့်ရှိသည်။ ဘုရားကြီး ကုန်းတော်တွင် ဝေသာလီခေတ် နတ်ရုပ် အကျိုးအပဲ့များ ရှိသည်။ စတူပါ များကိုလည်း လေ့လာနိုင်သည်။

ဆက်စပ်ဖတ်ရှုရန်

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads