ဝေါမြို့နယ်

From Wikipedia, the free encyclopedia

ဝေါမြို့နယ်
Remove ads

ဝေါမြို့သည် အောက်မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီးပဲခူးခရိုင်၏ ပဲခူးခရိုင်ခွဲအတွင်းပါဝင်သည့် ဝေါမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ ရန်ကုန် မော်လမြိုင်သွား ကားလမ်းမပေါ်တွင် တည်ရှိပြီး ပဲခူးမှ မိုင် ၂ဝ ခန့်အကွာတွင်ရှိသည်။ ပဲခူးမြို့၏ အရှေ့မြောက်ယွန်းယွန်း ပဲခူး-စစ်တောင်းတူးမြောင်းပေါ်တွင် တည်ရှိသော မြို့ဖြစ်သည်။ ရန်ကုန်-မုတ္တမ(မော်လမြိုင်) မီးရထားလမ်းသည်လည်းကောင်း ဝေါမြို့ကိုဖြတ်သန်းသွားသည်။ ထိုမြို့သည် ရန်ကုန်မြို့မှ မီးရထားလမ်းအားဖြင့် ၅၄ မိုင်၊ မော်တော်ကားလမ်းအားဖြင့် ၇၁ မိုင် ကွာဝေး၍ ပဲခူးမြို့မှမူကား မီးရထားလမ်းအားဖြင့် ၂၂ မိုင်၊ မော်တော်ကားလမ်းအားဖြင့် ၁၇ မိုင် ကွာဝေးသည်။

အချက်တိုများ ဝေါမြို့နယ်, နိုင်ငံ ...

ဝေါမြို့၏ အလားလေးရပ်မှာ အရှေ့ဘက်တွင် သပြေကန်ရွာ (စစ်တောင်းမြစ်၊ ကျောက်ညှပ်ကမ်းခြေ)၊ အနောက်ဘက်တွင် နောင်ပတ္တရာရွာ၊ တောင်ဘက်တွင်ညောင်သုံးခွ၊ မြောက်ဘက်တွင် သူရဲသမိန်ရွာတို့ဖြစ်သည်။ မူလအစက မွန်ဒေသဖြစ်ခဲ့သော်လည်း ယခုအခါ မွန်အဆက်အနွယ် မြန်မာလူမျိုးတို့အများစု နေထိုင်လျက်ရှိသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၁၇၆,၀၂၄ ဦးဖြစ်သည်။

မြို့ပေါ်၌ မြို့နယ်ရုံးစိုက်အဆင့်အတန်းအလိုက် မြို့ပိုင်ရုံး၊ တရားမနှင့် ရာဇဝတ် တရားသူကြီးရုံးစသော အစိုးရအဆောက်အအုံ၊ ဈေး၊ ကျောင်း စသည်တို့ရှိလေသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads