သကဗဠသိက္ခာပုဒ်

From Wikipedia, the free encyclopedia

သကဗဠသိက္ခာပုဒ်
Remove ads

သကဗဠသိက္ခာပုဒ် (ကဗဠဝဂ်)

ဆွမ်းလုပ်ရှိတုန်း စကားပြောမှု

ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခံတွင်းထဲ၌ ဆွမ်းလုပ်ရှိနေစဉ် စကားပြောကြကုန်၏၊ ထိုအခါကြည့်၍ မကောင်းသည့်ပြင် စကားလုံးလည်း မပီမသ ဖြစ်နေ၏၊ ထို့ကြောင့် လူတို့ ကဲ့ရဲ့ကြရကား...[]

“န သကဗဠေန မုခေန ဗျာဟရိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်

“ဆွမ်းလုပ်နှင့်တကွဖြစ်နေသော ခံတွင်းဖြင့်(ခံတွင်းထဲ၌ ဆွမ်းလုပ် ရှိနေတုန်း) စကားမပြောအံ့ဟု အလေ့ အကျင့်ကို ပြုရမည်။

မှတ်ချက်

တရားဟောသောအခါ ရှစ်ရှားသီးပိုင်း နွယ်ချိုတုံးကလေးကို ပါးစပ်ထဲ ထည့်၍ ဟောလျှင် စကားလုံး မပီမသ မဖြစ်သောကြောင့် ဟောကောင်းသကဲ့သို့ ထို့အတူ ပါးစပ်ထဲ၌ ဆွမ်းလုပ်ရှိသော်လည်း ဆွမ်းလုပ်က အနည်းအပါး သာဖြစ်၍ စကားလုံး ပီသအောင် ပြောနိုင်လျှင် အာပတ်မသင့်ဟု အဋ္ဌကထာ ဆိုသည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads