လွင်၊ သခင်

မြန်မာ နိုင်ငံရေးသမား From Wikipedia, the free encyclopedia

Remove ads

၂ဝဝ၅ ခု၊ ဇူလိုင်ထုတ် ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်တဲ့ '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ်မှ စာရေးတွေရဲ့ အတ္ထုပ္ပတ္တိ အကျုဉ်း တွေကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။


သခင်လွင် [၁၉၁၄ - ၁၉၉၆]

Thumb
သခင်လွင်

သာယာဝတီ ခရိုင် ဇီးကုန်း မြို့ ၌ အဖ ဦးမောင်ကြီး၊ အမိ ဒေါ်သဲညွန့် တို့က ၁၉၁၄ ခု နိုဝင်ဘာ ၅ ရက်နေ့တွင် ဖွားမြင်သည်။ ၁၉၃၆ တွင် ၁ဝ တန်း အောင်မြင် ခဲ့သည်။


ခရိုင် ကျောင်းသား ခေါင်းဆောင် (၁၉၃၆)၊ ရေနံမြေ အလုပ်သမား အစည်းအရုံး အတွင်းရေးမှူး (၁၉၃၇ - ၃၈)၊ ရေနံမြေ သပိတ် ရန်ကုန် ခြေကျင် ချီတက်ပွဲ တာဝန်ခံ တဦး (၁၉၃၈)၊ ၁၃ဝဝ ပြည့် အရေးတော်ပုံတွင် ရွှေတိဂုံ စခန်း အထွေထွေ အတွင်းရေးမှူး၊ ၁၉၄၁ တွင် ဗြိတိသျှ ဆန့်ကျင်ရေး မြန်မာပြည် အလယ်ပိုင်း မြေအောက် တော်လှန်ရေး အဖွဲ့ ဗဟို စည်းရုံးရေးမှူး၊ ဖက်ဆစ် တော်လှန်ရေးတွင် မကွေး - မင်းဘူး ခရိုင် နိုင်ငံရေး တာဝန်ခံ၊ ၁၉၄၅ - ၄၇ တွင် အလုပ်သမား အစည်းအရုံး အဖွဲ့ချုပ် ထူထောင်ရာ၌ ပါဝင်ခဲ့ပြီး၊ အထွေထွေ အတွင်းရေးမှူး၊ ဒုတိယ ဥက္ကဋ္ဌ စသည် ဆောင်ရွက် ခဲ့သည်။ ၁၉၄၆ တွင် ပြည်သူ့ အရေးတော်ပုံ ပါတီ၏ ဗဟို အလုပ်အမှုဆောင်၊ ဖဆပလ အဖွဲ့ချုပ် တွင်လည်း အလုပ်သမား ဌာန အတွင်းရေးမှူး၊ ထို့နောက် တီယူစီဘီ ဥက္ကဋ္ဌ၊ ဖဆပလ အစိုးရ အလုပ်သမားနှင့် ပြည်သူ့လုပ်ငန်း ဌာန ဝန်ကြီး (၁၉၄၈ - ၄၉)၊ တီယူဘီ ဌာနချုပ် ဥက္ကဋ္ဌ (၁၉၄၈ - ၅ဝ)၊ ကမ္ဘာ ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ)၏ ဥက္ကဋ္ဌ (၁၉၄၉)၊ ဘီတီယူစီ ဌာနချုပ် ဥက္ကဋ္ဌ (၁၉၅ဝ - ၆၄)၊ ကမႝာ အလုပ်သမား အဖွဲ့ချုပ်ကြီး၏ အထွေထွေ ကောင်စီဝင် အဖြစ် ၁၉၅၁ - ၅၄၊ ၁၉၆၁ - ၆၄ တာဝန်များကို ထမ်းဆောင် ခဲ့သည်။


အမေရိကန် ပြည်ထောင်စု၊ အင်္ဂလန်၊ အိန္ဒိယ၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၊ ဆိုဗီယက် ယူနီယံ၊ ဩစတြီးယား၊ ဂျာမနီ အစ ရှိသည့် နိုင်ငံများသို့ သွားရောက် ခဲ့သည်။ တရုတ် - မြန်မာ ချစ်ကြည်ရေး ရွှေတံဆိပ်၊ ဆိုဗီယက် - မြန်မာ ချစ်ကြည်ရေး တံဆိပ်၊ လီနင် ရာပြည့် ရွှေတံဆိပ် ဆုများ ချီးမြှင့် ခံခဲ့ ရသည်။


၁၉၆၉ - ၇၁ ခုနှစ်များ အတွင်း 'ရှုထောင့် ဂျာနယ်' ကို တည်ထောင် ခဲ့သူနှင့် အယ်ဒီတာချုပ် ဖြစ်ခဲ့သည်။ အလုပ်သမား လောက ထူထောင်ကြ (၁၉၄၇)၊ သွေးမြေကျ တိုက်ပွဲ [မေဒေး သမိုင်း] (၁၉၄၉)၊ သခင် ကိုယ်တော်မှိုင်းနှင့် ပြည်တွင်း ငြိမ်းချမ်းရေး (၁၉၅၆)၊ ဦးဥတ္တမ လက်ရွေးစင် (၁၉၆၇)၊ မြန်မာ နိုင်ငံ အလုပ်သမား လှုပ်ရှားမှု သမိုင်း (၁၉၆၈)၊ ဂျပန်ခေတ် မြန်မာပြည် (၁၉၆၉)၊ အာဇာနည် အရှင် ဦးဝိစာရ (၁၉၇၁)၊ သေဖော်ရှင်ဖက် [ဘာသာပြန်] (၁၉၇၂) တို့မှာ ထင်ရှားသည်။ 'မြန်မာ နိုင်ငံ အလုပ်သမားများ လှုပ်ရှားမှု သမိုင်း' ဖြင့် ၁၉၆၈ ခုနှစ် အမျိုးသား စာပေဆု နိုင်ငံရေး ဆိုင်ရာ စာပေ ဒုတိယဆု ရရှိ ခဲ့သည်။ နိုင်ငံတော်က လွတ်လပ်ရေး မော်ကွန်းဝင် (ပထမဆင့်)နှင့် နိုင်ငံ့ ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) များ ချီးမြှင့် ခဲ့သည်။

ဘဝနိဂုံး

၁၉၉၆ ခု ဒီဇင်ဘာ ၂ဝ ရက်နေ့တွင် ကွယ်လွန် ခဲ့သည်။


Remove ads

စာညွှန်း ။ ။

  1. ဒဂုန် ရွှေမျှား။ မြန်မာနိုင်ငံ စာပေဆုများ။ စာ ၃၂၆ - ၃၂၇။
  2. ဒဂုန် တာရာ။ ဖျတ်ခနဲ တွေ့ရသော ရုပ်ပုံလွှာ ကားချပ်များ။ စာ ၁၅၈ - ၁၆၈။
  3. ကန်တော့ခံ သက်ကြီး စာပေ ပညာရှင်များ၏ အတ္ထုပ္ပတ္တိ (သက္ကရာဇ် ၁၃၅၈ ခုနှစ်)။ စာ ၄၂ - ၄၃။
  4. မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၉၇)။ စာ ၁၆၉။]
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads