သစ်သား

From Wikipedia, the free encyclopedia

သစ်သား
Remove ads

သစ်သားသည် သစ်ပင် ပင်စည်များ၊ အမြစ်များနှင့် အခြား သစ်သားထွက်အပင်များတွင် တွေ့ရလေ့ရှိသော အပေါက်များပါပြီး အမျှင်များဖြင့် တည်ဆောက်ထားသော တစ်ရှူး ဖြစ်သည်။ ၎င်းသည် သဘာဝအတိုင်း တွေ့ရသော ပစ္စည်း (သို့) ကာဘွန်ပါ ပစ္စည်း ဖြစ်သည်။   ဆွဲအားဒဏ်ခံနိုင်သော ဆဲလ်လူးလို့စ် အမျှင်များကို ဖိအားဒဏ်ကိုခံနိုင်သော လဒ်ဂနင်ထဲ ထည့်သွင်းတည်ဆောက်ထားသည့် သဘာဝ ပေါင်းစပ်ပစ္စည်းတစ်မျိုးဖြစ်၏ ။

Thumb
ဝက်သစ်ချသစ်တုံးကို ကန့်လန့်ဖြတ်ပိုင်းပုံနှင့် ယင်း၌ပါသောကွင်းများ

သစ်သားကို တစ်ခါတစ်ရံ သစ်ပင်၏ပင်စည်ထဲမှ ဒုတိယ ဇိုင်လမ် အဖြစ် သတ်မှတ်လေ့ရှိသည်။[] ရှင်သန်နေသည့် သစ်ပင်တစ်ပင်ထဲတွင် သစ်သားသည် သစ်ထွက်အပင်များ ကြီးထွားလာရန်(သို့) မိမိဘာသာ ရပ်တည်နိုင်ရန် ထောက်ပံ့ပေးသည့် တာဝန်ထမ်းဆောင်သည်။ ၎င်းအပြင် သစ်ရွက်များ၊ အခြားကြီးထွားလာနေသည့် တစ်ရှူးများနှင့် အမြစ်များ အတွင်း ရေနှင့် အာဟာရဓာတ်များ ပို့ဆောင်ပေးသည်။ သစ်သားကို သစ်သားဆန်သည့် ဂုဏ်သတ္တိရှိသည့် အပင်ထွက်ပစ္စည်းများနှင့် သစ်တို၊ သစ်စနှင့် သစ်မျှင်များဖြင့် ပေါင်းစပ်ထုတ်လုပ်ထားသည့် အရာများကိုလဲ ခေါ်ဆိုနိုင်သည်။

သစ်သားအား လွန်ခဲ့သော နှစ်ပေါင်းထောင်ချီကတည်းက လောင်စာတည်ဆောက်ရေးပစ္စည်းကိရိယာများ၊ လက်နက်များ၊ ပရိဘောဂများနှင့် စက္ကူတို့ ထုတ်လုပ်ရာတွင် အသုံးပြုခဲ့ကြသည်။ ၂၀၀၅တွင် ကမ္ဘာ့ သစ်တော ပမာဏမှာ သန်းထောင်ပေါင်း (၄၃၄) ကုဗမီတာရှိပြီး ယင်းတို့အနက် ၄၇%မှာ စီးပွားဖြစ် စိုက်ပျိုးထားခြင်းဖြစ်သည်။[] ပေါပေါများများ ပြန်စိုက်၍ရသော ရင်းမြစ်တစ်ခုဖြစ်သဖြင့် သစ်သားထွက်ပစ္စည်များအား ပြန်ပြည့်မြဲစွမ်းအင် ရင်းမြစ်တစ်ခုအဖြစ် များစွာ စိတ်ဝင်စားခြင်း ခံရသည်။ ၁၉၉၁ ခုနှစ်တွင် သစ်သား သန်းထောင်ပေါင်း (၃.၅) ကုဗမီတာ ထုတ်လုပ်ခဲ့သည်။ အဓိကအသုံးပြုမှုမှာ ပရိဘောဂနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် ဖြစ်သည်။[]


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads