သတင်းအချက်အလက်နည်းပညာ
ကွန်ပျူတာကို အခြေခံသော နည်းပညာ From Wikipedia, the free encyclopedia
Remove ads
အမေရိကန်သတင်းအချက်အလက်နည်းပညာအသင်း (ITAA) ၏သတ်မှတ်ချက်အရ သတင်းအချက်အလက်နည်းပညာဆိုသည်မှာ ကွန်ပျူတာအခြေခံ သတင်းအချက်အလက်စနစ်များ (Information System) အထူးသဖြင့် ဆော့ဖ်ဝဲ(Software) နှင့် ကွန်ပျူတာ ဟတ်ဒ်ဝဲလ် (Hardware)များကို လေ့လာခြင်း၊ ဒီဇိုင်းဆွဲခြင်း၊ ဖွံ့ဖြိုးတိုးတက်အောင်ရေးသားခြင်း၊ အကောင်အထည်ပေါ်စေခြင်း၊ ပံ့ပိုးခြင်း သို့မဟုတ် စီမံခန့်ခွဲခြင်းပင်ဖြစ်သည်။ အိုင်တီဆိုသည်မှာ သတင်းအချက်အလက်နည်းပညာတို့ကိုပြောင်းလဲရန်(convert)၊ သိုလှောင် ထားရန်(Store)၊ ကာကွယ်ရန် (Protect)၊ လုပ်ငန်းဆောင်ရွက်ရန်(Process)၊ လွဲပြောင်းရန်(Transmit) နှင့် လုံခြုံစိတ်ချစွာထုတ်ပေးရန်(securely retrieve) အီလက်ထရောနစ် ကွန်ပျူတာနှင့် က္ငန်ပျူတာဆော့ဖ်ဝဲတို့ကို သုံးစွဲခြင်းဖြစ်သည်။
ယနေ့ခေတ် သတင်းအချက်အလက်နည်းပညာ ဟူသည့် အသုံးအနှုန်းတွင် ကွန်ပျူတာ (computer)နှင့် နည်းပညာ (technology) မျက်နှာစာအားလုံးပါဝင်လာပြီး ထိုအသုံးအနှုန်းကို ယခင်ကထက်ပိုမိုလူသိများလာသည်။ သတင်းအချက်အလက် နည်းပညာရပ်ဝန်းသည် အတော်အတန်ပင်ကြီးမားနိုင်ပြီး နယ်ပယ်များစွာပါဝင်နိုင်သည်။ အိုင်တီကျွမ်းကျင် ပညာရှင် (professional)များသည် အသုံးချဆော့ဖ်ဝဲ (application) များထည့်သွင်းခြင်းမှစ၍ ရှုပ်ထွေးသော ကွန်ပျူတာကွန်ရက်နှင့် သတင်းအချက်အလက် ဒေတာဘေ့စ်(database)များ ရေးသားခြင်းစသော ရှုပ်ထွေးသည့်လုပ်ငန်းများကို လုပ်ကိုင်ကြသည်။ ကွန်ပျူတာနှင့် ဆက်သွယ်ရေးနည်းပညာတို့ကိုပေါင်းစပ်လိုက်သောအခါ သတင်းအချက်အလက်နည်းပညာ သို့မဟုတ် အင်ဖိုတက် (infotech) ဖြစ်လာသည်။ သတင်းအချက်အလက်နည်းပညာဟူသည် ယေဘူယျအားဖြင့် သတင်းအချက်အလက်များကို ထုတ်ပေးရန်၊ တွက်ချက်ရန်၊ သိမ်းဆည်းရန်၊ ဆက်သွယ်ရန် သို့မဟုတ် ဖြန့်ဖြူးရန်သုံးစွဲသည့် မည်သည့်နည်းပညာကိုမဆို ခြုံငုံ၍ခေါ်ဆိုခြင်းဖြစ်သည်။ သတင်းအချက်အလက်နည်းပညာ တစ်ခုလုံးကိုပြောဆိုသောအခါ ကွန်ပျူတာတွင် သတင်းအချက်အလက်သုံးစွဲမှု တို့လည်း ပါဝင်ပတ်သက်နေမည်ဖြစ်သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads