သတိလွတ်စိတ်

From Wikipedia, the free encyclopedia

Remove ads

စိတ်သရုပ်ခွဲဗေဒ (Psychoanalysis) စသည့် နယ်ပယ်တို့၏ လေ့လာချက်အရ၊ မသိစိတ် (ခေါ်) သတိလွတ်စိတ် (အင်္ဂလိပ်: unconcious mind) ဟူသည်မှာ လူတဦးဦးရှိ သိတွေးအင် (psyche)တခုခု၏ သတိပေးစိုက်မှုဖြင့် စဉ်းစားစစ်ဆေးလျက် မသိနိုင်သော အစိတ်အပိုင်း[] ဖြစ်၍ သတိကပ်စိတ် (အသိပါ စိတ်) နှင့် မတူချေ။ ဤ သတိလွတ်စိတ်တွေးချက်များသည် အာရုံစိုက်မှု (သတိပေးစိုက်မှု)တို့ ပါဝင်ရာ သတိကပ်စိတ်၏ ပြင်ပသဖွယ် ရှိဟန်ပေါက်သော်လည်း၊ သတိကပ်သည့် စဉ်းစားခြင်း ဖြစ်စဉ်များနှင့် သတိကပ်သည့် အတုံ့အမူများ အပေါ် သက်ရောက်တတ်၊ အဆုံးအဖြတ် ဝင်ပေးနေတတ်သည်ဟု ယူဆရ၏။[] ဤသတိလွတ်စိတ်အဖြစ် လူ့ဦးနှောက်က လိုချင်တပ်မက်မှု ကဲ့သို့သော ခံစားမိချက်များ၊ မှတ်ဉာဏ်များ၊ ကိုယ်တွင်းသိ လှုပ်ရှားကျွမ်းကျင်မှု (autmatic skill) များ စသည်တို့ကို ဆောင်ရွက်နေကြောင်းကို လက်တွေ့စမ်းသပ်ချက်များက ပြနေ၏။

Remove ads

အကိုးအကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads