သတိုးမင်းရဲ (ပြင်စည်မင်းသား)

From Wikipedia, the free encyclopedia

Remove ads

ကုန်းဘောင်ခေတ်တွင် ပြင်စည်မင်းသားငါးပါးရှိသည့်အနက် ပဉ္စမပြင်စည်မင်းသားမှာ ပြင်စည်မင်းသား သတိုးမင်းရဲ ဖြစ်သည်။ ၎င်းသည် မင်းတုန်းမင်းနှင့် ပထမမြောက်ဆောင်တော်မိဖုရား ပဘာဒေဝီတို့ သားတော် သုံးပါး၊ သမီးတော်တစ်ပါး ဖွားမြင်ခဲ့သည့်အနက် ဒုတိယသားတော် ဖြစ်သည်။ ပထမမြောက်ဆောင်တော် မိဖုရားတွင် သားတော် သုသီရိမဟာဓမ္မရာဇာ ခေါ် မလွန်မင်းသား မောင်မျိုးရင်၊ ပြင်စည်မင်းသား၊ သမီးတော် (ငယ်ကလွန်)၊ သားတော် ဝန်းသိုမင်းသား သတိုးမင်းရဲသီဟသူတို့ ဖွားမြင် ခဲ့သည်။ ပြင်စည်မင်းသားသည် သတိုးမင်းရဲဘွဲ့ ခံရသည်။

စတုတ္ထပြင်စည်မင်းသား ထိပ်တင်ပု (၁၂၂၄)ခုနှစ် (၁၈၈၂ခုနှစ်)တွင် ကံကုန်တော်မူသောအခါမှ မင်းတုန်းမင်းက သူ၏သားတော်ကို လစ်လပ်သော ပြင်စည်မြို့ကို အသုံးကံကျွေးပေးခြင်း ဖြစ်သည်။ (၁၂၂၈)ခုနှစ် (၁၈၆၆ခုနှစ်) မြင်ကွန်း မြင်းခုံတိုင် အရေးတော်ပုံတွင် မြင်ကွန်းမင်းသား၏ တပည့်များက မလွန်မင်းသား၊ ပြင်စည်မင်းသားနှင့် စကုမင်းသားတို့အား အိမ်ရှေ့မင်းအမိန့်နှင့်ဟု ခေါ်ယူစေခဲ့ပြီးလျှင် လက်ယာဝင်းတံခါး အပြင်သို့ ရောက်သောအခါ လုပ်ကြံသတ်ဖြတ်သောကြောင့် မင်းသားသုံးပါး ကံတော်ကုန်ရှာကြသည်။ ပြင်စည်မင်းသား သတိုးမင်းရဲသည် ငယ်ငယ် ရွယ်ရွယ် လူပျိုမင်းသားဘဝနှင့်ပင် ကံတော်ကုန်သွားရရှာသည်။ အဆိုပါအရေးအခင်းတွင် ကနောင်မင်းသား လည်း လုပ်ကြံခံရပြီး မင်းတုန်းမင်းတရားကြီးမှာလည်း လက်မတင်လေး လွတ်မြောက်ခဲ့သည်။

ပဉ္စမ ပြင်စည်မင်းသားသည် မဟာဂီတ ကဗျာလင်္ကာ ရေးသားခြင်း၊ တူရိယာ တီးမှုတ်ခြင်း စသောအရာများကို အလေ့အလာ အထုံဝါသနာပါခြင်း အလျင်းမရှိပါ။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads