သတ္တမမြောက် အက်ဒဝပ်ဘုရင်

From Wikipedia, the free encyclopedia

သတ္တမမြောက် အက်ဒဝပ်ဘုရင်
Remove ads

သတ္တမမြောက် အက်ဒဝပ်ဘုရင် (အဲဘတ် အက်ဒဝပ်၊ ၉ နိုဝင်ဘာ ၁၈၄၁ - ၆ မေ ၁၉၁၀) သည် ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ ဘုရင်ဖြစ်ပြီး ၁၉၀၁ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်မှစ၍ နတ်ရွာစံသည်အထိ အိန္ဒိယအင်ပါယာနှင့် ဗြိတိသျှအုပ်ချုပ်ခံနိုင်ငံများ၏ အရှင်သခင်အဖြစ် အုပ်ချုပ်သွားသည်။ ဆက် ကိုဘော့ နှင့် ဂိုသာ အိမ်တော် ၏ ပထမဆုံး ဗြိတိသျှမင်းဖြစ်သည်။ နှောင်းပိုင်းတွင် ထိုအိမ်တော်အား သားဖြစ်သူ ပဉ္စမမြောက် ဂျော့ဘုရင်က ဝင်ဆာ အိမ်တော်ဟူ၍ အမည်ပြောင်းခဲ့သည်။

Thumb
သတ္တမမြောက် အက်ဒဝပ်ဘုရင် (Edward VII)

ထီးနန်းမရမီက ဝေလမင်းသားရာထူးဖြင့် အိမ်ရှေ့မင်းသားဘဝကို ယခင်က အိမ်ရှေ့မင်းသားများထက် အချိန်ပိုကြာကြာ နေခဲ့ရသည်။ သက်တမ်းရှည်လှသော သူ၏မိခင် ဝိတိုရိယဘုရင်မကြီ:လက်ထက်တွင် နိင်ငံရေးအာဏာပေးမှုမှ ဖယ်ရှားခံရကာ ကျော့ကျော့မော့မော့ဝတ်စားကာ သက်တောင့်သက်သာနေရသည့်ဘဝ၌သာ ကျင်လည်ရသည်။

အက်ဒဝပ်နန်းတက်စဉ်ကာလ၌မူ ရာစုသစ်အစဖြစ်သကဲ့သို့ စက်တပ်လေယာဉ်နှင့် ဆိုရှယ်လစ်ဝါဒကဲ့သို့ နည်းပညာနှင့် လူ့အသိုင်းအဝိုင်း ပြောင်းလဲမှုများကို သိသိသာသာ တွေ့လာရသည်။ ဗြိတိသျှဒေသတွင်းရေတပ်နှင့် ဆေးတပ်တို့အား ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရာတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ဒုတိယ ဗိုးဝါးစစ်ပွဲအပြီးတွင် ဗြိတိသျှကြည်းတပ်မတော်ကိုလည်း စနစ်တကျပြန်လည်ဖွဲ့စည်းစေသည်။ ပြင်သစ်အပါအဝင် အခြားဥရောပနိုင်ငံများနှင့် ကောင်းမွန်သောဆက်ဆံရေး ထူထောင်နိုင်ခြင်းကြောင့် ငြိမ်းချမ်းရေးဖန်ဆင်းသူအဖြစ် လူသိများသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads