သတ္တသတ္တာဟ မဟာဗောဓိစေတီတော်
From Wikipedia, the free encyclopedia
Remove ads
သတ္တသတ္တာဟ မဟာဗောဓိစေတီတော် သည် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥဒယရံသီကုန်းတော်တွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။ အိန္ဒိယနိုင်ငံ၊ ဗီဟာပြည်နယ်၊ ဗုဒ္ဓဂါယာရှိ မဟာဗောဓိစေတီကို ပုံတူယူကာ တည်ထားသည်။[၁] စေတီတော်၏ ဉာဏ်တော်မှာ ၁၆၂ ပေ( ၄၉ မီတာ) မြင့်သည်။
မဟာဗောဓိစေတီတော်အတွင်းရှိ ရုပ်ပွားတော်အားအဓိကထား၍ ဗုဒ္ဓဘိသေက အနေကဇာတင်ပွဲကို ၂၀၁၄ ခုနှစ်၊ မေလ ၁၃ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။[၂]
ဘုရားဝင်းတွင် ဂေါတမဗုဒ္ဓဖွားမြင်ရာနေရာ၊ ဘုရားအဖြစ်သို့ ရောက်ရှိရာနေရာ၊ တရားဦးဟောရာနေရာနှင့် ပရိနိဗ္ဗာန်ပြုရာနေရာ စသည့် သံဝေဇနိယလေးဌာန ကို အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂါယာသို့ သွားရောက်ဖူးမြော်ရန် အခက်အခဲရှိသူများအတွက် တည်ထားခဲ့သည်။[၃]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads