သဒ္ဒဗေဒ
From Wikipedia, the free encyclopedia
Remove ads
သဒ္ဒဗေဒ (သို့) အသံထွက်ပညာ (အင်္ဂလိပ်: phonetics) သည် ဘာသာဗေဒပညာရပ်ခွဲတစ်ခုဖြစ်၍ လူသားတို့၏ အသံထုတ်လုပ်ပုံ၊ ထိုအသံကို သိမြင်နားလည်ပုံ ကိုလေ့လာသောပညာရပ်ဖြစ်သည်။ သင်္ကေတဘာသာစကားများ၌ အသံ၏တူညီသောအရမှာ သင်္ကေတများဖြစ်ကြသည်။[၁] သဒ္ဒဗေဒပညာရှင် ဆိုသည်မှာ စကားသံ၏ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများကို အထူးပြုလေ့လာသောသူများဖြစ်သည်။ သဒ္ဒဗေဒနယ်ပယ်ကို အစဉ်ဆက်အားဖြင့် ပညာရပ်ခွဲသုံးခု ထပ်မံခွဲနိုင်ရာ ၎င်းတို့မှာ အသံထုတ်လုပ်ခြင်းဆိုင်ရာ သဒ္ဒဗေဒ (articulatory phonetics)၊ အသံလှိုင်းဆိုင်ရာ သဒ္ဒဗေဒ (acoustic phonetics) နှင့် အကြားအာရုံဆိုင်ရာ သဒ္ဒဗေဒ (auditory phonetics) တို့ဖြစ်ကြသည်။ အစဉ်ဆက်အနေဖြင့် သဒ္ဒဗေဒ၌ အခြေခံအကျဆုံး၊ အသေးငယ်ဆုံး အသံအသိတ်အပိုင်းမှာ စကားသံဖြစ်၍ စကားသံဆိုသည်မှာ ဘာသာစကားတစ်ခုခု၏ သံရင်းနှင့်မတူ ကွာခြားသည်။ သံရင်းဟူသည် စကားသံကို စိတ်ကူးအယူအဆပေါ်၌သာ အမျိုးအစားခွဲခြားထားခြင်းဖြစ်ပေသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads