သဒ္ဒါ
From Wikipedia, the free encyclopedia
Remove ads
ဘာသာစကားဗေဒ အရ အရပ်သုံး ဘာသာစကား တခုခု၏ သဒ္ဒါ (အင်္ဂလိပ်: grammar) ဆိုသည်မှာ - လိုရာအဓိပ္ပါယ်ရောက်အောင် ထိုဘာသာစကား၏ ဝေါဟာရထု (စကားလုံးများ) ကို မည်သို့ မည်ပုံ မည်သည့်အစီအစဉ်ဖြင့် စီစဉ်၍ ပြောနည်း ရေးနည်း သတ်မှတ်ချက်များကို ခြုံငုံညွှန်းဆိုခြင်း ဖြစ်သည်။ “မည်သို့ရေးရမည်။ အရေးအသား၊ အထားအသို၊ ဝါကျတည်ဆောက်ပုံ၊ ဘယ်စကားလုံးကို ဘယ်နေရာမှာ သုံးစွဲရမည်” စသည်တို့ကို ကာလရှည်ကြာ သုံးစွဲညှိနှိုင်းကြရင်း သဒ္ဒါဟူသော စကားလုံးချင်း စီဆက်နည်း စည်းမျဉ်းစုတို့ ဖြစ်ပေါ်ခဲ့သည်။ ဘာသာစကားတခုစီတွင် အဓိကပါဝင်သည့် အပိုင်းကြီး၂ခုမှာ ဝေါဟာရထု (စကားလုံးများ ကိုယ်တိုင်)နှင့် ဤ သဒ္ဒါ(စကားလုံးစပ်နည်း စည်းမျဉ်းများ) ဖြစ်ပေသည်။
စကားလုံးများကို သဒ္ဒါဟူသော နည်းစနည်များဖြင့် ပေါင်းစပ်၍ ပုဒ်၊ ဝါကျပိုင်း စသည်တို့ ဖြစ်ပေါ်ကာ ဝါကျတို့ ထွက်ပေါ်လာကြခြင်းပင်။
သဒ္ဒါကို လေ့လာကြည့်နည်း ၂မျိုး၊ သဒ္ဒါလေ့လာရေး ကဏ္ဍ ၂ခု ရှိသည်။
- ဥတဇသဒ္ဒါ (traditional grammar)
- စိတ္တဇသဒ္ဒါ (theoretical grammar)
Remove ads
မြန်မာသဒ္ဒါ
မြန်မာ သဒ္ဒါ ၏အခြေခံသည် မြန်မာစာအဖွဲ့ က ဦးစွာပြုစုသော မြန်မာ သဒ္ဒါ အခြေပြုကျမ်းပင်ဖြစ်သည်။ ထိုကျမ်းကို အခြေပြု၍ မျက်မှောက် ခေတ်မြန်မာ သဒ္ဒါ ကျမ်းကြီးကို မြန်မာစာအဖွဲ့ သည်ရေးသားပြုစုနိုင်ခဲ့သည်။
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads