သဒ္ဓါ

From Wikipedia, the free encyclopedia

သဒ္ဓါ
Remove ads

[] (၁) သဒ္ဓါ၊ သဒ္ဓါတရား၊ ယုံကြည်-ကြည်ညို-ခြင်း၊ ယုံကြည်ကြောင်း-ယုံကြည်တတ်သော-ယုံကြည်ခြင်းမျှ ဖြစ်သော-တရား၊ သဒ္ဓါစစ်၊ သဒ္ဓါစေတသိက်။[]

(က) ကံ, ကံ၏အကျိုးနှင့် ရတနာသုံးပါးကို ယုံကြည်ခြင်း။ []

(ခ) အဖန်ဖန်-အထပ်ထပ်-အဖန်တလဲလဲ-ထပ်တလဲလဲ-ဖြစ်သော-သဒ္ဓါ။ []

(ဂ) လောကုတ္တရာတရားကို လိုချင်သော သမ္မာဆန္ဒကြောင့်ဖြစ်သော ကံ, ကံ၏အကျိုး နှင့် ရတနာသုံးပါးကို ယုံကြည်သော သဒ္ဓါ။ []

(ဃ) ရတနာသုံးပါး၌-ယုံကြည်-ကြည်ညို-ခြင်း။[]

(င) ဘုရား ဟောတော်မူအပ်သည့် တရားတော်နှင့်ဘုရား၌ ယုံကြည်သော အခြင်းအရာ။ []

(စ) ဘုရားနှင့် တရားတော်၌ မတုန်မလှုပ် ယုံကြည်ခြင်း။ []

(ဆ) ဓမ္မကထိက ဖြစ်သော တပည့်သာဝကနှင့် တရားတော်၌ ယုံကြည်မှု။ []

(ဇ) ကံ, ကံ၏အကျိုးနှင့် တမလွန်လောကကို ယုံကြည်သော သဒ္ဓါတရား။ [၁၀]

(ဈ) လောကီ, လောကုတ္တရာအားဖြင့် နှစ်ပါးသော သဒ္ဓါ။ [၁၁]

(ည) သဒ္ဓေယျဝတ္ထုသို့ သက်ဝင်၍ ယုံကြည်သော၊ ပသာဒနီယဝတ္ထု၌လည်း အလွန်ကြည်ညိုသော၊ သဒ္ဓါ။ [၁၂]

(ဋ) မတုန်မလှုပ် သက်ဝင်ယုံ ကြည်သည်ဖြစ်၍ ဖြစ်သောသဒ္ဓါ။ [၁၃]

(ဌ) မဂ်ဖြင့်-လာ-ကပ်-ရောက်-ရသော ယုံကြည်မှု သဒ္ဓါ။ [၁၄]

(ဍ) လှူဒါန်းကြောင်းဖြစ်သော သဒ္ဓါ။ [၁၅]

(ဎ) ပစ္စဝေက္ခနာဇော နှင့်ယှဉ်သော သဒ္ဓါ။ [၁၆]

(ဏ) သမ္ပယုတ်တရားတို့ကို အလွန်ကြည်လင်စေတတ်သော၊ သမ္ပယုတ်တရားတို့၏ အလွန်ကြည် လင်ကြောင်းဖြစ်သော-သဒ္ဓါ၊ သဒ္ဓါတရား။ [၁၇]

(၂) သဒ္ဓါသုတ် (၄) သုတ် (D.P.P.N-၌ကား-သံ၊၃၊၁၉၇။ အံ၊၃၊၂၆၄-တို့၌ လာသော အာပဏသုတ်, ဈာနသုတ်ပါ ထည့်၍ ခြောက်သုတ်-ဟုပြသည်။) [၁၈]

(၃) ယုံ-ယုံကြည်-ခြင်း(သဒ္ဓါအတု၊ သဒ္ဓါဟနာကာရ-အဓိမောက္ခ တရား)။ [၁၉]

(၄) သဒ္ဓါမည်သော ဥပါသိကာမ။ [၂၀]

(၅) (သိကြားမင်း၏ သမီးတော်) သဒ္ဓါနတ်သမီး။[၂၁][၂၂]

Remove ads

သဒ္ဓါစေတသိက်၏ လက္ခဏာ စသည်

သဒ္ဓါသည် သမ္ပယုတ်တရားတို့ကို ကြည်စေခြင်းလက္ခဏာရှိ၏၊

နောက်သို့မဆုတ် စုပ်စုပ် နှစ်လျက် ... သက်ဝင်ခြင်း လက္ခဏာရှိ၏။

တစ်နည်း— ရတနတ္တယကမ္မကမ္မဖလ-ဟုဆိုအပ်သော သဒ္ဓေယျဝတ္ထုကို ယုံကြည်ခြင်း လက္ခဏာရှိ၏။

(တစ်နည်း) “ဤဝတ္ထုသည် ဤသို့ သဘောရှိ၏ " ဟု သဒ္ဒေယျဝတ္ထုသို့ သက်ဝင်၍ ကြံစည်ယုံကြည်ခြင်း လက္ခဏာ ရှိ၏။

ရေနောက် မြူနယ်ကို ကြည်စေတတ်သော စက္ကဝတ်မင်းဖျား (စကြဝတေးမင်း)၏ ပတ္တမြားရတနာကဲ့သို့ နောက်ကျခြင်းဟူသောအညစ်အကြေးကို ပယ်ထုတ်၍ သမ္ပယုတ် တရားတို့ကို ကြည်စေခြင်း ကိစ္စရှိ၏။


(တစ်နည်း)မိကျောင်း, မကာရ်းစသည်ဖြင့် ပြွမ်းသောရေအယဉ်ကို မကြောက်မရွံ့မဆုတ် မနစ် ကူးခတ်ဝံ့သော ယောက်ျားကဲ့သို့ ဒါန, သီလ စသည်တို့၌ မသက်ဝင်နိုင်သည်ဖြစ်၍ ဆုတ်နစ်သော သဟဇာတ်တရားတို့ကို မနစ် မစုတ် စုပ်စုပ် သက်ဝင်စေခြင်း ကိစ္စရှိ၏။

ဝါ၊ လွတ်လွတ် စုပ်စုပ်အားဖြင့် အာရုံသို့ သက်ဝင်ခြင်း ကိစ္စရှိ၏။

သမ္ပယုတ်တရားတို့၏ မနောက် မကျုသည်၏အဖြစ်ဖြင့် ဉာဏ်အား ရှေးရှုထင်တတ်၏။

(တစ်နည်း) ကြည်ညိုအပ်သော ဘုရားအစရှိသောအရာ၌ ကြည်ညို ခြင်းမှ ဖောက်ပြန်သော အကုသိုလ်ဟူသော အဿဒ္ဓိယ, မကြည်ညိုအပ်သော ပူရဏကဿပ အစရှိသည်တို့၌ ကြည်ညိုခြင်းဟုဆိုအပ်သော မိစ္ဆာအဓိမောက္ခ၏ ဆန့်ကျင်ဘက် ဖြစ်၍ သဒ္ဓေယျဝတ္ထု၌တည်လျက် ဆုံးဖြတ် တတ်သောတရားဟူ၍ ဉာဏ်အား ရှေးရှုထင် တတ်၏။

ရတနတ္တယ, ကမ္မ, ကမ္မဖလ-ဟူသော ယုံကြည်အပ်သော ဝတ္ထုလျှင် နီးစွာသော အကြောင်းရှိ၏။ (တစ်နည်း) သဒ္ဓမ္မသဝန စသော သောတာပတ္တိမဂ်၏ အင်္ဂါလျှင် နီးစွာသော အကြောင်းရှိ၏။ (အဘိ၊ဋ္ဌ၊၁၊၁၆၂-၃။ ဝိသုဒ္ဓိ၊၂၊၉၄။ မဟာနိ၊ဋ္ဌ၊၄၇။) [၂၂]

Remove ads

“သဒ္ဓါစစ်, သဒ္ဓါတု "

ရတနာ ၃-ပါး, ဤပစ္စုပ္ပန်-လောက-ဘဝ, နောက် တမလွန်-လောက-ဘဝ, ကံ, ကံ၏ အကျိုးတရားတို့ကို ဧကန်စင်စစ် ရှိ၏ ဟူ၍ ယုံကြည်မှု သဘောတရားသည် သဒ္ဓါအစစ် ဖြစ်၍ ပူရဏကဿပ စသည့် ဂိုဏ်းခေါင်းဆောင် တိတ္ထိဆရာတို့ကို ယုံကြည်မှုကား သဒ္ဓါအတု (မိစ္ဆာဓိမောက္ခ) ဖြစ်သည်။ [၂၃][၂၂]

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads