သဒ္ဓိဝိဟာရိကဝတ်

From Wikipedia, the free encyclopedia

သဒ္ဓိဝိဟာရိကဝတ်
Remove ads

ဥပဇ္ဈာယ်ယူထားသော တပည့်ကို သဒ္ဓိဝိဟာရိက အတူနေ တပည့်ဟု ခေါ်သည်။ (သဒ္ဓိ=အတူ+ဝိဟာရိက=နေလေ့ရှိသူ) ဥပဇ္ဈာယ်ဆရာ အပေါ်၌ တပည့်ကသာ ဝတ်ပြုရသည် မဟုတ်သေး၊ ဥပဇ္ဈာယ်ဆရာ ကလည်း သဒ္ဓိဝိဟာရိက တပည့်များ အပေါ်၌ ပြုရသေးသည်။ ထိုသို့ သဒ္ဓိဝိဟာရိက တပည့်၌ ဥပဇ္ဈာယ်ဆရာသည် ပြုအပ်သော ဝတ်ဖြစ်သောကြောင့် သဒ္ဓိဝိဟာရိကဝတ်ဟု ဆိုရသည်။

သဒ္ဓိဝိဟာရိက ဝတ်များ

ဥပဇ္ဈာယ်ဆရာသည် သဒ္ဓိဝိဟာရိက တပည့်အား စာချပေးရခြင်း၊ ဆုံးမဩဝါဒ ပေးရခြင်း၊ မသင့်တော်ရာ၌ ကံမြစ်ခြင်းတို့ဖြင့် ချီးမြှောက် ထောက်ပံ့ရခြင်း၊ သပိတ်, သင်္ကန်းစသော ပရိက္ခရာမရှိခဲ့လျှင် ဥပဇ္ဈာယ်က ပေးသောအားဖြင့် ချီးမြှောက်ရခြင်း၊ ပေးစရာ အပိုမရှိလျှင် ဘယ်လို နည်းဖြင့် ငါ့တပည့် သပိတ်, သင်္ကန်း စသည် ရှိပါအံ့နည်းဟု ကြောင့်ကြ အားထုတ်ရခြင်း၊ တပည့် မကျန်းမာ ဖျားနာသောအခါ၌ တံပူပေး ရခြင်း၊ မျက်နှာသစ်ရေ ပေးရခြင်း၊ ယာဂုပေးရခြင်း၊ တပည့်နေရာ အမှိုက်ရှုပ်လျှင် လှည်းရခြင်းစသောဝတ်များကို တပည့်က ဆရာအပေါ်၌ အမြဲပြုရသကဲ့သို့ ဆရာကလည်း တပည့်အပေါ်မှာ ပြုရပေသည်။

အမှာ ဥပဇ္ဈာယဝတ်၌ တံပူပေးရခြင်းမှစ ရေမရှိလျှင် သန့်သက်ရေအိုး၌ ထည့်ရခြင်းတိုင်အောင် ဥပဇ္ဈာယ်က ပြန်ပြုရမည်ဟု ဆိုလိုသည်။ သဒ္ဓိဝိဟာရိက တပည့် သာသနာတော်၌ မမွေ့လျော်ခ် လည်းကောင်း၊ ကုက္ကုစ္စဖြစ်ခဲ့သော်လည်းကောင်း၊ ဒိဋ္ဌိအယူ ယူသော်လည်းကောင်း (တပည့်က ပယ်ဖျောက်ပုံ နည်းအတိုင်း) ဥပဇ္ဈာယ်က အခါမရွေး ပယ်ဖျောက်ရခြင်း၊ သံဃာဒိသိသ်သို့ ရောက်ခြင်းနှင့် စပ်သော ကိစ္စ, တဇ္ဇနီယ စသော ကံပြုရေးနှင့် စပ်သောကိစ္စ အဝဝတို့၌ လွတ်ငြိမ်း ပေါ့လျော့ ချမ်းသာမှု ရအောင် အားထုတ်ပြုလုပ်ရခြင်း၊ သင်္ကန်းဖွပ်ပုံ, ချုပ်ပုံ, ဆိုးပုံတို့ကို ညွှန်ပြသင်ပေးရခြင်း သူတပါးအား ညွှန်ပြစေရခြင်း၊ သဒ္ဓိဝိဟာရိက တပည့် မကျန်းမာခဲ့သော် အသက်ထက်ဆုံး ဥပဇ္ဈာယ်က လုပ်ကျွေးပြုစုရခြင်း၊ ငံ့လင့်၍ အခြားမသွားရခြင်း၊ ပြုစုသူရှိအံ့၊ ဆေးရှာပေး၍ သင့်အား ထိုသူပြုလတ္တံ့ဟု ဆို၍ ဖဲသွားနိုင်၏။

သဒ္ဓိဝိဟာရိကဝတ် မှတ်သားဖွယ် ပြီးပြီ။ [] []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads