သန္တာကျောက်တန်း
From Wikipedia, the free encyclopedia
Remove ads
သန္တာကျောက်တန်း ဆိုသည်မှာ သန္တာကောင်လေးများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် ကျောက်ဆောင် ကျောက်တန်းကဲ့သို့ သွင်ပြင်လက္ခဏာရှိနေသော ရေအောက် ဂေဟစနစ်တစ်ခုပင်ဖြစ်သည်။ သန္တာကျောက်တန်းများသည် ကယ်လ်စီယမ်ကာဗွန်နိတ်ဖြင့် ဖွဲ့စည်းထားသော သန္တာကောင် အသိုက်အုံများစွာ၏ ဖွဲ့စည်းဖြစ်တည်နေမှုပင် ဖြစ်သည်။[၁] သန္တာကျောက်တန်းအများစုသည် ကျောက်သား သန္တာမျိုး၏ အကောင်ငယ်လေးများ အုပ်စုလိုက် စုပုံကြခြင်းဖြင့် ဖွဲ့စည်းဖြစ်တည်နေခြင်းဖြစ်သည်။
သန္တာသည် ပင်လယ် အနီမိုနီနှင့် ပင်လယ်ရေခူများနှင့်အတူ မျိုးပေါင်းစု Cnidaria ထဲ၌ ပါဝင်သော မျိုးပေါင်း Anthozoa နှင့်သက်ဆိုင်သည့် သတ္တဝါတစ်မျိုးဖြစ်သည်။ ပင်လယ် အနီမိုနီများနှင့်မတူဘဲ သန္တာကောင်များသည် သန္တာကျောက်တန်းများကို ထောက်ပံ့ကာကွယ်ရန် မာကျောသော ကာဗွန်နိတ် ပြင်ပအခွံမာများ ထုတ်ပေးနိုင်စွမ်းရှိကြ၏။ သန္တာကျောက်တန်းအများစုသည် ပူနွေး၍ ရေတိမ်ကာ ကြည်လင်ပြီး နေရောင်တဖိတ်ဖိတ် ရောင်ပြန်ဟပ်နေသော ရေတွင် အကောင်းဆုံး ပေါက်ဖွားရှင်သန်ကြသည်။ သန္တာကျောက်တန်းများသည် လွန်ခဲ့သောနှစ်ပေါင်း ၄၈၅ သန်းခန့်က စတင်ပေါ်ပေါက်လာပြီး ကန်ဘရီရံ(Cambrian) ၏ အဏုဇီဝပိုးမွှားများနှင့် ရေမြှုပ် သန္တာကျောက်တန်းများ နေရာသို့ အစားထိုးဝင်ရောက်မှုဖြစ်ခဲ့သည့် Ordovician စတင်ချိန်ကာလမှ ရုပ်ကြွင်းများ၌ အစောဆုံးသက်တမ်းအနေဖြင့် တွေ့ရှိရသည်။[၂]
Remove ads
ကိုးကား
နောက်ထပ် ကိုကားချက်များ
ပြင်ပလင့်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads