သန္တိဒမုဒြာ
From Wikipedia, the free encyclopedia
Remove ads
ငြိမ်းချမ်းသာယာမှုကို ပေးဟန်ဖြစ်သည်။ အဘယမုဒြာနှင့်တူသည်။

လက်ကို ဖူးမြင်သူ၏ဘက်သို့ (ရှေ့သို့) လှန်ပြကာ လက်ချောင်းများကို အပေါ်သို့ ထောင်ထားသော လက်ဟန်မျိုး ဖြစ်သည်။
ပုံစံအားဖြင့် ကူသျှန်ခေတ် မထူရာ ဗုဒ္ဓရုပ်ပွားတော်ကိုကြည့်ပါက ဤသန္တိဒမုဒြာဖြင့် တွေ့ရှိနိုင်ပေသည်။
မန္တလေးတောင်ပေါ်တွင် ဤမုဒြာဖြင့် ရုပ်ပွားတော်များကို တွေ့ရှိနိုင်ပါသည်။ ပုဂံခေတ် ဆင်းတုများနှင့် ဆေးရေးပန်းချီများတွင်လည်း ဤသန္တိဒမုဒြာကို လေ့လာတွေ့ရှိနိုင်ပါသည်။
အသောက ဝိရာ ခေမမင်္ဂလာများကို သရုပ်ဆောင်ထားသည်။
ဝီရရသနှင့် သန္တရသတို့ကို ပေါ်လွင်စေသည်။
ဝီရိယပါရမီ, ခန္တီပါရမီ, ဥပေက္ခာပါရမီ, မေတ္တာပါရမီစခန်းများသို့ ရည်ညွှန်း ပုံဆောင်ပြထား ခြင်းဖြစ်ပါသည်။
ဤသန္တိဒမုဒြာပါရှိသော ရုပ်ပွားဆင်းတုကို ကိုးကွယ်လျှင် ဘေးရန်ကင်းခြင်း, ငြိမ်းချမ်းသာယာခြင်း, စည်းစိမ်ကျက်သရေတိုးပွားခြင်း, ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်း, တရားထူးကိုရရှိခြင်း, သိဒ္ဓိပေါက်ခြင်း, ဆုတောင်းပြည့်ခြင်း, အကျိုးထူးများကို ရရှိနိုင်သည်ဟု တန္တရာယာန ကျမ်း ဂန်များ၌ာပြဆိုထားပါသည်။ [၁][၂] [၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads