သန္တီရဏ
From Wikipedia, the free encyclopedia
Remove ads
သန္တီရဏ ဟူသော ပါဠိဝေါဟာရသည် "သံ+တီရ+ယု" မှ ဆင်းသက်လာပြီး "စူးစမ်းခြင်း၊ စစ်ဆေးခြင်း၊ စိစစ်နှိုင်းချိန်ခြင်း" ဟု အဓိပ္ပာယ်ရသည်။ အဘိဓမ္မာ၌ သန္တီရဏစိတ်ဆိုသည်မှာ ပဉ္စဒွါရဝီထိ (အာရုံတံခါးငါးပေါက်၌ဖြစ်သော စိတ်အစဉ်) တွင် သမ္ပဋိစ္ဆိုင်းစိတ်က လက်ခံရယူလိုက်သော အာရုံကို ဆက်လက်၍ စူးစမ်းစစ်ဆေးတတ်သော စိတ်ဖြစ်သည်။[၁]
သန္တီရဏစိတ်သည် ၎င်း၏ သဘာဝအရ အဟိတ်ဝိပါက် မနောဝိညာဏဓာတ် ဟိတ်မပါသော အကျိုးစိတ်ဖြစ်သော မနောဝိညာဏဓာတ်အုပ်စုဝင် ဖြစ်သည်။ သင်္ဂြိုဟ်ကျမ်း [၂] အရ သန္တီရဏစိတ် (၃) မျိုးရှိပါသည်-
- အကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်: အကုသိုလ်ကံ၏အကျိုးဖြစ်၍ ဥပေက္ခာဝေဒနာ (လျစ်လျူရှုသောခံစားမှု) နှင့်အတူဖြစ်သော စူးစမ်းမှုစိတ်။
- ကုသလဝိပါက် သောမနဿသဟဂုတ် သန္တီရဏစိတ်: ကုသိုလ်ကံ၏အကျိုးဖြစ်၍ သောမနဿဝေဒနာ (ဝမ်းမြောက်သောခံစားမှု) နှင့်အတူဖြစ်သော စူးစမ်းမှုစိတ်။
- ကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်: ကုသိုလ်ကံ၏အကျိုးဖြစ်၍ ဥပေက္ခာဝေဒနာနှင့်အတူဖြစ်သော စူးစမ်းမှုစိတ်။
Remove ads
(အဘိ၊ဋ္ဌ၊၁၊၃၀၅။ ဝိသုဒ္ဓိ၊၂၊၈၅ အရ အဟိတ်ဝိပါက် မနောဝိညာဏဓာတ်၏ သန္တီရဏစသော ကိစ္စများအတွက်)
Remove ads
"သန္တီရဏစိတ်" ဟုခေါ်သော်လည်း စူးစမ်းသည့်အလုပ် (သန္တီရဏကိစ္စ) တစ်ခုတည်းကိုသာ ပြုလုပ်သည်မဟုတ်ဘဲ အခြားကိစ္စများကိုလည်း ဆောင်ရွက်ပါသည်-
သောမနဿသန္တီရဏစိတ် (ကုသလဝိပါက်):
- သောမနဿဝေဒနာနှင့် ယှဉ်သည်။
- အလွန်ကောင်းသော (အတိဣဋ္ဌ) အာရုံ၌သာ ပဉ္စဒွါရဝီထိတွင် ဖြစ်သည်။
- ကိစ္စ (၂) မျိုး: သန္တီရဏကိစ္စ (စူးစမ်းခြင်း) နှင့် ဇော၏နောက်၌ဖြစ်သော တဒါရုံကိစ္စ (အာရုံကို မှတ်သားခြင်း)။
ဥပေက္ခာသန္တီရဏစိတ် (ကုသလဝိပါက်):
- ဥပေက္ခာဝေဒနာနှင့် ယှဉ်သည်။
- ကောင်းမြတ်သော (ဣဋ္ဌမဇ္ဈတ္တ) အာရုံ၌ ပဉ္စဒွါရဝီထိတွင် ဖြစ်သည်။
- ကိစ္စ (၅) မျိုး: သန္တီရဏကိစ္စ၊ တဒါရုံကိစ္စ၊ ထို့အပြင် လူ့ဘုံ၌ အချို့သော ပဋိသန္ဓေအားနည်းသူများ၊ အချို့နတ်များအတွက် ပဋိသန္ဓေကိစ္စ (ဘဝသစ်ဆက်စပ်ခြင်း)၊ ဘဝင်ကိစ္စ (ဘဝအစဉ်ကိုထိန်းထားခြင်း)၊ စုတိကိစ္စ (သေဆုံးခြင်း) တို့ကို ဆောင်ရွက်သည်။
ဥပေက္ခာသန္တီရဏစိတ် (အကုသလဝိပါက်):
- ဥပေက္ခာဝေဒနာနှင့် ယှဉ်သည်။
- မကောင်းသော (အနိဋ္ဌ) အာရုံနှင့် ကာမ (၁၁) ဘုံ၌ တွေ့ကြုံသည့်အခါ သန္တီရဏကိစ္စ နှင့် တဒါရုံကိစ္စ တို့ကို ဆောင်ရွက်သည်။
- အပါယ်လေးဘုံ၌ ပဋိသန္ဓေကိစ္စ၊ ဘဝင်ကိစ္စ၊ စုတိကိစ္စ တို့ကို ဆောင်ရွက်သည်။
လက်တွေ့ရှုမှတ်ရာ၌ အာရုံအလိုက် ခွဲ၍ရှုရမည်။ ကုသလဝိပါက် သန္တီရဏသည် ဣဋ္ဌာရုံ (ကောင်းသောအာရုံ) ကို အာရုံပြုပြီး၊ အကုသလဝိပါက် သန္တီရဏသည် အနိဋ္ဌာရုံ (မကောင်းသောအာရုံ) ကို အာရုံပြုသည်။
အဟိတ်ဝိပါက် သန္တီရဏကိစ္စကိုဆောင်ရွက်သော မနောဝိညာဏဓာတ် (ရူပါရုံကို အာရုံပြုစဉ်)-
- လက္ခဏာ: ရူပါရုံကို သိခြင်း၊ ရယူခြင်းသဘော။
- ရသ: ရူပါရုံကို စူးစမ်းဆင်ခြင်ခြင်း။
- ပစ္စုပဋ္ဌာန်: ရူပါရုံကို စူးစမ်းဆင်ခြင်တတ်သော သဘောတရား။
- ပဒဋ္ဌာန်: မိမိ၏ မှီ၍ ဖြစ်ရာ ဟဒယဝတ္ထု။
(သဒ္ဒါရုံ စသည်ကို အာရုံပြုလျှင်လည်း ဤနည်းအတိုင်း မှတ်ယူပါ။)
Remove ads
- သန္တီရဏစိတ် (၃) မျိုးလုံးသည် သန္တီရဏကိစ္စ၌ ရူပါရုံမှ ဖောဋ္ဌဗ္ဗာရုံအထိ အာရုံ (၅) ပါးကို အာရုံပြုသည်။ တဒါရုံကိစ္စ၌မူ အာရုံ (၆) ပါးလုံးကို အာရုံပြုနိုင်သည်။
- သောမနဿသန္တီရဏစိတ်၌ ပီတိယှဉ်၍ စေတသိက် (၁၂) လုံး ရှိသည်။
- ဥပေက္ခာသန္တီရဏစိတ်၌ ပီတိမယှဉ်၍ စေတသိက် (၁၁) လုံး ရှိသည်။
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads