သန္ဒဿနမုဒြာ

From Wikipedia, the free encyclopedia

သန္ဒဿနမုဒြာ
Remove ads

တပည့်များအား စာပေပို့ချဟန်ဖြစ်သည်။

Thumb

လက်ဝဲလက်ကို ဒူးပေါ်တင်ထားလျှက် လက်ျာလက်ကိုမူ ရင်ဘတ်ဆီသို့ မြှင့်တင်ထားကာ လက်မနှင့် လက်ညှိုးတို့ကို ပြင်ဘက်သို့ ဖြန့်ပြထားပြီးလျှင် ကျန်လက်ချောင်းများကို အတွင်းဘက်သို့ ကွေးထားသောဟန်ဖြစ်သည်။ လက်မနှင့် လက်ညှိုးတို့မှာ မထိထားချေ။

စိန္တမုဒြာနှင့် ဉာဏမုဒြာ, ဗျာချာန မုဒြာတို့နှင့် ပုံတူသည်။

ဗာဟုသစ္စမင်္ဂလာ, သိပ္ပမင်္ဂလာ, ဝိနယသုသိက္ခိတမင်္ဂလာ, ပဏ္ဍိတာနံ သေဝနမင်္ဂလာများကို သရုပ်ဆောင်ထားခြင်းဖြစ်သည်။

ဝီရရသ, ကရုဏာရသ, သန္တရသများကို ပေါ်လွင်စေသည်။

ပညာပါရမီစခန်းသို့ ရည်ဆောင်ညွှန်ပြသည်။

ပုဂံမြို့ အပယ်ရတနာလိုဏ်ဂူ ဘုရားစသည်တို့တွင် ဆေးရေးပန်းချီပုံများ အချို့ကို သန္ဒဿန မုဒြာဟန်ဖြင့်တွေ့ရှိရပါသည်။

တခါတရံလက်နှစ်ဖက်စလုံး သန္ဒဿနမုဒြာဖြင့် ပြထားသောပုံများကိုလည်း တွေ့ရှိရတတ်ပါသည်

ဤမုဒြာပါသော ရုပ်တုကို ကိုးကွယ်သူသည် ကျမ်းဂန်စာပေ တတ်မြောက်ခြင်း, အမှားကို ကျော်လွန်၍ အမှန်ကို သိမြင်နိုင်ခြင်း, အမြင်ပေါက်ခြင်း, ရဲရင့်ခြင်းစသော အကျိုးတရားများကို ရရှိနိုင်သည်ဟု တန္တရာယာနဂိုဏ်းဝင်များက ယုံကြည်ကြလေသည်။ [][] []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads