သန်းဦးလွင်
From Wikipedia, the free encyclopedia
Remove ads
ဦးသန်းဦးလွင်(၁၉၆၂ဖွား) သည် လက်ရှိ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ [၂]၎င်းကို ၂၀၂၂ ခုနှစ်၊ဒီဇင်ဘာ(၅) ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ခန့်အပ်ခဲ့သည်။သူသည် လက်ထောက်စစ်ဥပဒေချုပ် အဖြစ်မှ တရားသူကြီး ဖြစ်လာသူဖြစ်သည်။
Remove ads
ပညာရေးနှင့်တပ်မတော်သားဘဝ
သူသည် စစ်တက္ကသိုလ်ကျောင်းဆင်းတစ်ဦးဖြစ်သည်။ယင်းအပြင် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်(စာပေးစာယူသင်တန်း)ကိုလည်းတက်ရောက်သည်။ဦးသန်းဦးလွင်သည် ၁၉၈၄ ခုနှစ်တွင် ဥပဒေဘွဲ့(LL.B)ကို ရရှိသည်။သူသည် စစ်ဥပဒေချုပ်ရုံးတွင် လက်ထောက်စစ်ဥပဒေချုပ်ရာထူးအထိ (၃၁)နှစ်ကျော် တာဝန်ထမ်းဆောင်သည်။ [၃]
တရားလွှတ်တော်တရားသူကြီးဘဝ
သူ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၂ ခုနှစ်၊ မတ်လ၌ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် ခန့်အပ်သည်။ယင်းနောက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဆက်လက်ခန့်အပ်သည်။ [၄]
မိသားစုဘဝ
သူသည် အိမ်ထောင်သည် တစ်ဦး ဖြစ်သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads