သဗ္ဗရာဇိန္ဒြမုဒြာ
From Wikipedia, the free encyclopedia
Remove ads
သိဝ-ရုဒြနတ်မင်းကြီးဟန်ဖြစ်သည်။

အဉ္ဇလီမုဒြာဘုံမျိုးဖြစ်သည်။
သီဝ-ရူဒြနတ်၏ အမည်ကို သဗ္ဗရာဇ, သို့မဟုတ် သဗ္ဗရာဇိန္ဒြဟု ခေါ်သည်။ သို့ဖြစ်၍ ယင်း ရူဒြနတ်၏ လက်ဟန်ပုံကိုပင် အမည်အစွဲပြု၍ သဗ္ဗရာဇိန္ဒြမုဒြာဟု ပဋိမာသိပ္ပံ ပညာရှင်များက ယူဆ ကြသည်။
မြန်မာ့ရိုးရာ ရုပ်ပွားများတွင် အလွန်ရှားပါးသည့် ဟိန္ဒူ ဆန်သော ဆေးရေးပန်းချီများ၌သာ တွေ့ရှိနိုင်ပေသည်။
ဟိန္ဒူဗြာဟ္မဏဘာသာတွင် ဤရုပ်တုမျိုးကို ကိုးကွယ်သူသည် မင်းအပေါင်းတို့၏ ရိုသေလေးစားမှုကို ခံရခြင်း, ရန်အပေါင်းကိုနိုင်ခြင်း, စစ်မက်ရေးရာတွင် မိမိကသာ အောင်နိုင်ခြင်း, ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံခြင်းစသော အကျိုးများကို ရရှိသည်ဟု မြွက်ဆိုထားပါသည်။ ဗုဒ္ဓသာသနာ ဆိုင်ရာ ပဋိမာသိပ္ပံကျမ်းများတွင် ဤမုဒြာအကြောင်းကို အကျယ်ဖွင့်ဆိုထားခြင်း မတွေ့ရသေးပါ။ သို့သော် ဆေးရေးပန်းချီများ၌ ဗုဒ္ဓဘာသာဝင်တို့က လက်ခံကျင့်သုံးခဲ့သော မုဒြာတမျိုးဖြစ်ကြောင်း သုတေသနပြုစုလေ့လာခဲ့ရဘူးပါသည်။ အထူးသဖြင့် ဗြဟ္မာမင်းကြီး၏ ပုံများကို ဤ သဗ္ဗရာဇိန္ဒြမုဒြာဖြင့် ထုလုပ်ရေးဆွဲလေ့ရှိကြပါသည်။[၁][၂] [၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads