သမန်းကျား

From Wikipedia, the free encyclopedia

သမန်းကျား
Remove ads

သမန်းကျားဆိုသည်မှာ လူက ကျားအဖြစ်ပြောင်းလဲသော မိစ္ဆာအတတ် တစ်မျိုးဖြစ်သည်ဟု ယူဆကြသည်။

Thumb
သမန်းကျား- ရင်မသည်းဖို ရုပ်ပြ(၁၉၅၀?)

ဝေါဟာရဖြစ်ပေါ်လာပုံ

မူလအမည်မှာ ရှမ်းစကားထမန် ဖြစ်သည်။ ထမန်ကျားဟု ခေါ်ရာမှ ကာလရွေ့လျားလာသော် သမန်းကျား ဖြစ်လာသည်။ ချင်းတွင်းမြစ်ညာတွင် (ထမံသည်)ထမံသီရွာဟူ၍ ရှမ်းလူမျိုးများ နေထိုင်သောရွာ ယခုတိုင်ရှိသေးသည်။ အင်းတော်ကြီးအိုင်ဝန်းကျင်နှင့် ချင်းတွင်းမြစ်ညာတွင် နေထိုင်ကြသော ရှမ်းနီလူမျိုးတို့က လူမှဖြစ်သောကျားကို မော်လခေါင်ကျား ဟုခေါ်ကြသည်။ထမံလူမျိုးစုများသည်ပင်လည်ဘူးဒေသရှိလမ်းပန်းဆက်သွယ်ရေးခက်ခဲသည်တောင်ကြားနေရာများတွင်ယနေ့တိုင်နေထိုင်လျက်ရှိသည်။မျိုးနွယ်စုများအနေဖြင့်တဖြည်းဖြည်းပျာက်ကွယ်လုနီးပါးရှိနေပါသည်။[]

Remove ads

ထမန်တို့၏ဘိုးဘွားများ

ထမန်တို့သည် ရှမ်းလူမျိုးများဖြစ်ကြပြီး တစ်ချိန်က အင်းတော်ကြီးအိုင် ဖြစ်လာမည့်နေရာတွင် စည်ခမ်း အမည်ရှိသည့်မြို့ကို တည်ထောင်နေထိုင်ခဲ့ကြသည်။ စည်ခမ်းမြို့ ရေအောက်ရောက်သွားပြီးနောက် ကျန်ခဲ့သောအဆက်အနွယ်များသည် အနောက်ဘက်သို့ ရွှေ့ပြောင်းသွားကြပြီး အခြားသူများနှင့် သွေးနှောခြင်းမပြုဘဲ(အခြားသူများကလည်း ယင်းတို့နှင့် သွေးနှောခြင်းမပြု)သီးခြားနေထိုင်ခဲ့ကြသည်။ အခြားသူများက ယင်းတို့ကို ထမန်များ ဟုခေါ်ကြသည်။ ထမန်တို့ကလည်း မိမိတို့ပညာများကို သားစဉ်မြေဆက် သင်ကြားပေးခဲ့ပြီး ပြင်ပသို့ မပေါက်ကြားအောင်ထိန်းသိမ်းခဲ့ကြသဖြင့် ယင်းပညာတတ်ကြောင်း အခြားလူများမသိနိုင်ကြချေ။ ရှမ်းလေးမြို့ရာဇဝင်တွင် စည်ခမ်းမြို့မှ မင်းသားတစ်ယောက်သည် ကျားဖြူဘဝနှင့် တောလိုက်နေစဉ် တာပိန်မြစ်ညာရှိ တိုင်းပြည်တစ်ခုမှ ရေထဲမျှောလာသော အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ကျရာမှ မွေးဖွားလာသော ကလေးများသည် နောင်ကြီးပြင်းလာချိန်တွင်မိုးညှင်းမိုးကောင်းမြို့မိုးမိတ်မြို့များကိုတည်ထောင်သည်ဟု ပါရှိသည်။

Remove ads

ကျားအဖြစ်ပြောင်းလဲပုံ

ယင်းအတတ်ကိုတတ်သောသူသည် မိတ်ဆွေတစ်ယောက်နှင့်အတူ တောထဲဝင်သည်။ ကျားဖြစ်သွားချိန်တွင် အကိုက်မခံရစေရန် မိတ်ဆွေဖြစ်သူက သစ်ပင်အမြင့်ပေါ်တက်ပြီးနောက် ထမန်လူက အဝတ်အစားများချွတ်ပြီးနောက် ကျားဖြူအဖြစ်သို့ ပြောင်းလဲသွားသည်ဟု ယူဆကြသည်။ ထို့နောက်အမဲလိုက်သည်။ အမဲကောင်ကိုချီယူလာပြီး ပြန်လာချိန်တွင် မိတ်ဆွေဖြစ်သူက သစ်ပင်ပေါ်မှနေ၍ လူအဝတ်အစားများပြသပေးရသည်။ ထိုအခါ သတိပြန်လည်လာပြီး လူအဖြစ်ပြန်ရောက်ရှိလာသည်ဟု ဆိုကြသည်။ အကယ်၍ ကျားဖြူသည် တောထဲတွင် မျက်စိလည်သွားပါက သို့မဟုတ် လူအဝတ်အစားကို ပြန်မတွေ့ရပါက လူပြန်မဖြစ်တော့ဘဲ တစ်သက်လုံး ကျားဘဝရောက်သွားတော့သည်ဟု ဆိုကြသည်။

အတတ်ပညာကို အသုံးပြုပုံ

ခရီးသွားလာရာတွင် လူခန္ဓာကိုယ်ဖြင့် သွားလာသည်ထက် ကျားခန္ဓာကိုယ်ဖြင့်သွားလာသည်က များစွာသက်သာခြင်း၊ အမဲလိုက်ရာတွင် လက်နက်ကိရိယာမလိုပဲ အချိန်ကုန်၊ လူပမ်း သက်သာခြင်းကြောင့် ယင်းလုပ်ငန်းများတွင် အသုံးပြုသည်။ ယခုအခါ ယင်းအယူအဆများ ကွယ်ပျောက်သလောက်ရှိနေပြီ ဖြစ်သည်။ []

ဆက်စပ်လေ့လာရန်များ

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads