သမသူပကဘုဉ္ဇနသိက္ခာပုဒ်

From Wikipedia, the free encyclopedia

သမသူပကဘုဉ္ဇနသိက္ခာပုဒ်
Remove ads

သမသူပကဘုဉ္ဇနသိက္ခာပုဒ် (သက္ကစ္စဝဂ်)

ပဲဟင်းကို များစွာစားခြင်း

ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် ဆွမ်းစားသောအခါ ပဲဟင်းကိုချည်း များစွာစားကြကုန်၏။ (ရှေးခေတ်က ပဲဟင်းသည် မပါလျှင် မပြီးသလောက် အသုံးများ၍ အများကြိုက်ဟင်း ဖြစ်ခဲ့ဟန်တူ၏၊ ထို့ကြောင့်) ပဲဟင်းကို အတိုင်းထက် အလွန် စားသော ဆဗ္ဗဂ္ဂီရဟန်းများကို လူတို့ ကဲ့ရဲ့ကြသောကြောင့်—[]

“သမသူပကံ ပိဏ္ဍပါတံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်

“(မပြစ်မကျဲ-လက်ဖြင့် ကော်ယူ၍ ရလောက်သော) ပဲဟင်းကို ဆွမ်း၏ ၄-ပုံ တပုံလောက်သာ စားအံ့”ဟု အလေ့ အကျင့်ကို ပြုရမည်၊ ဤသိက္ခာပုဒ်၌လည်း သမသူပက သိက္ခာပုဒ်၌ကဲ့သို့ ဉာတိဖြစ်သူ နဂိုက ဖိတ်မန်ထားသူတို့၏ ဆွမ်းကို စားရာ၌၎င်း မိမိပိုင် ပဲဟင်းကို စားရာ၌၎င်း, ဆွမ်း၏ ၄-ပုံ တပုံထက် များစွာ စားသော်လည်း အနာပတ္တိ၊ လူများက ကျွေးသောဆွမ်းကို စားရာ၌သာ ဆွမ်း၏ ၄-ပုံ တပုံထက် ပို၍စားလျှင် အာပတ်သင့်သည်။ [ “အနာပတ္တိ-ဉာတကာနံ ပဝါရိတာနံ အတ္တနော ဓနေန စသည်-ပါဠိတော်။]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads