သမာဓိမုဒြာ
From Wikipedia, the free encyclopedia
Remove ads
သမာဓိမုဒြာ = သမာဟိတမုဒြာ

ယောဂမုဒြာ, ဈာနမုဒြာနှင့် တူသည်။
စိတ်တည်ငြိမ်၍ သမာဓိရနေဟန် ဖြစ်သည်။
ခြေနှစ်ဖက်ကို ထက်ဝယ်ဖွဲ့ခွေထိုင်ကာ ဖနောင့်နှစ်ခု အပေါ်သို့ ခြေဖဝါးလှန်ကာထိုင်၍ လက်ဝါး နှစ်ခုကိုလှန်ပြီး ခြေဖဝါးပေါ် တင်ထားသည်။
တခါတရံ လက်ျာလက်ခါးကို လက်ဝဲလက်ဝါးပေါ် ထပ်၍ လက်မချင်းထိကာ၎င်း, တခါတရံ လက်ညှိုးနှစ်ခုကို ကွေး၍ လက်မနှင့်ထိကာ တေ့ဆိုင်လျက်၎င်း ထားသော ဟန်မျိုးဖြစ်သည်။
ပုဂံမြို့၊ အာနန္ဒာဘုရား သဗ္ဗညုဘုရားများတွင် သမာဓိမုဒြာ ပုံတော်များကို ဖူးတွေ့ရပါသည်။ ဂျပန်ပြည်ရှိ ဒိုင်ဗုစု ရုပ်ပွားတော်ကြီး၏ ပုံတော်မျိုးဖြစ်သည်။
အမိတာဘာဘုရား ရုပ်ပွားတော်ကိုလည်း ဤမုဒြာဖြင့် တွေ့ရသည်။
အပ္ပမာဒမင်္ဂလာ, တပေါစမင်္ဂလာ, ဗြဟ္မစရိယမင်္ဂလာ, အရိယသစ္စာန ဒဿနမင်္ဂလာ, နိဗ္ဗာနသစ္ဆိကိရိယမင်္ဂလာများကို သရုပ်ဆောင်ထားသည်။
သန္တရသကို ပေါ်လွင်စေသည်။
ပညာပါရမီ, ဈာနပါရမီ, နိက္ခမပါရမီ, ဝီရိယပါရမီ, အဓိဋ္ဌာနပါရမီ စခန်းများသို့ ညွှန်ပြလျက် ရှိပေသည်။
သမာဓိမုဒြာ, ယောဂမုဒြာ, ဈာနမုဒြာပါသော ရုပ်ပွားဆင်းတုကို ကိုးကွယ်သူသည် တည်ကြည် ငြိမ်သက်ခြင်း, ဓာတ်အပြည့်အဝရခြင်း, စိတ်ဝေဒနာကင်းခြင်း, သောကပရိဒေဝငြိမ်းအေးခြင်း, ဉာဏ်ပညာတိုးခြင်း, သမထပေါက်ခြင်း, သိဒ္ဓိပြီးခြင်းစသော ကောင်းကျိုးချမ်းသာများကို ရရှိနိုင်ကြောင်း တန္တရာယာန ဂိုဏ်းဝင် ကျမ်းများ၌ ဖွင့်ဆိုထားပေသည်။[၁] [၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads