သမာဓိသုတ်

From Wikipedia, the free encyclopedia

သမာဓိသုတ်
Remove ads

သမာဓိသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် ရင့်ကျက်သော ပညာနှင့် သတိ ရှိကုန်ကြသည်ဖြစ်၍ နှိုင်းယှဉ်ကြောင်း (ကိလေသာတို့မှ) ကင်းသော သမာဓိကို ပွားများကြရန် ဟောကြားတော်မူခဲ့သည်။[]

သမာဓိသုတ်

သာဝတ္ထိနိဒါန်း။ပ။ ချစ်သား ရဟန်းတို့... စိတ်တည်ကြည်မှု သမာဓိကို ပွားများကြကုန်လော့၊ ချစ်သား ရဟန်းတို့... စိတ်တည်ကြည်မှု သမာဓိရှိသော ရဟန်းသည် ဟုတ်တိုင်းမှန်စွာ သိမြင်၏၊ အဘယ်သို့လျှင် ဟုတ်တိုင်း မှန်စွာ သိသနည်း?

၁။ “ဤကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား ဒုက္ခအရိယသစ္စာတရားတည်း”ဟု ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်၏၊

၂။ “ဤကား ဒုက္ခဖြစ်ကြောင်းဖြစ်သည့် အရိယာတို့၏ အမှန်တရား ဒုက္ခသမုဒယ အရိယသစ္စာတရားတည်း”ဟု ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်၏၊

၃။ “ဤကား ဒုက္ခချုပ်ရာဖြစ်သည့် အရိယာတို့၏ အမှန်တရား ဒုက္ခနိရောဓ အရိယသစ္စာတရားတည်း”ဟု ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်၏၊

၄။ “ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရားတည်း”ဟု ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်၏၊

ချစ်သား ရဟန်းတို့ ... စိတ်တည်ကြည်မှု သမာဓိကို ပွားများကြကုန်လော့၊ ချစ်သား ရဟန်းတို့ ... စိတ်တည်ကြည်မှု သမာဓိရှိသော ရဟန်းသည် ဟုတ်တိုင်းမှန်စွာ သိမြင်၏၊[]

Remove ads

ကြိုးစားအားထုတ်ရမည်

ချစ်သား ရဟန်းတို့...ထို့ကြောင့် ဤသာသနာတော်၌ ..

၁။ “ဤကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား ဒုက္ခအရိယသစ္စာတရားတည်း”ဟု သိအောင် ကြိုးစား အားထုတ်ရမည်။

၂။ “ဤကား ဒုက္ခဖြစ်ကြောင်းဖြစ်သည့် အရိယာတို့၏ အမှန်တရား ဒုက္ခသမုဒယ အရိယသစ္စာတရား'တည်း”ဟု သိအောင် ကြိုးစားအားထုတ်ရမည်။

၃။ “ဤကား ဒုက္ခချုပ်ရာဖြစ်သည့် အရိယာတို့၏ အမှန်တရား ဒုက္ခနိရောဓ အရိယသစ္စာတရားတည်း”ဟု သိအောင် ကြိုးစားအားထုတ်ရမည်။

၄။ “ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရားတည်း”ဟု သိအောင် ကြိုးစားအားထုတ်ရမည်”ဟု မိန့်ကြားတော်မူ၏၊[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads