သမုဒယသုတ်
From Wikipedia, the free encyclopedia
Remove ads
ခန္ဓာငါးပါး၏ ဖြစ်ခြင်းစသည်ကို ဟောရာသုတ်။ [၁] (သမုဒယသုတ်သည် ခန္ဓဝဂ္ဂ သံယုတ် (၈) ခုမြောက် ခနီယဝဂ်၌ ဒုတိယသုတ်, တတိယသုတ်၊ (၁၃) ခုမြောက် အဝိဇ္ဇာဝဂ်၌ ဆဋ္ဌသုတ်, သတ္တမသုတ်အားဖြင့် (၄)သုတ်ရှိ၏။[၂]
ပဌမသုတ်
ထိုတွင် ပဌမသုတ်၌ အကြားအမြင် မရှိသော ပုထုဇဉ်သည် ခန္ဓာငါးပါး၏ ဖြစ်ခြင်း, ချုပ်ခြင်း, သာယာဖွယ်, အပြစ်, လွတ်မြောက်မှုတို့ကို ဟုတ်တိုင်းမှန်စွာမသိ။ အကြားအမြင် ရှိသော အရိယာတပည့်သည် ယင်းတို့ကို ဟုတ်တိုင်းမှန်စွာသိ၏ဟု ဘုရားရှင်ဟောတော်မူသည်။
ယင်းသုတ်၌ ဖြစ်ခြင်း(သမုဒယ) သာယာဖွယ် (အဿာဒ)သည် သမုဒယသစ္စာ၊
အပြစ် (အာဒီနဝ)သည် ဒုက္ခသစ္စာ
ချုပ်ခြင်း (အတ္ထင်္ဂမ)သည် နိရောဓသစ္စာ၊
လွတ်မြောက်မှု (နိဿရဏ)သည် မဂ္ဂသစ္စာအားဖြင့် သစ္စာ ၄-ပါးတို့ကို ဟောသည်။ [၃] [၂]
Remove ads
ဒုတိယသုတ်
ဒုတိယသုတ်၌ အကြားအမြင်ရှိသော အရိယာတပည့်သည် ခန္ဓာငါးပါး၏ ဖြစ်ခြင်း, ချုပ်ခြင်း, သာယာဖွယ်, အပြစ်, လွတ်မြောက်မှုတို့ကို ဟုတ်တိုင်းမှန်စွာ သိ၏ဟု အရိယာတပည့်၏သာ အစွမ်းအားဖြင့် ဘုရားရှင်ဟောတော်မူသည်။ သစ္စာ ၄-ပါး ခွဲပုံကား ပဌမသုတ်နည်းတူ။ [၄] [၂]
တတိယသုတ်
တတိယသုတ်၌ ခန္ဓာငါးပါး၏ ဖြစ်ခြင်း, ချုပ်ခြင်း, သာယာဖွယ်, အပြစ်, လွတ်မြောက်မှုတို့ကို ဟုတ်တိုင်း မှန်စွာမသိခြင်းသည် အဝိဇ္ဇာမည်၏။ ယင်းတို့ကို မသိသောသူသည် အဝိဇ္ဇာသို့ ရောက်သူ မည်၏-ဟု အရှင်သာရိပုတ္တရာ ဟောသည်။ သစ္စာ ၄-ပါးခွဲပုံကား ပဌမသုတ်နည်းတူ။ [၅][၂]
စတုတ္ထသုတ်
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads