သမ္မတတစ်ပိုင်းစနစ်
သမ္မတမှဝန်ကြီးချုပ်သို့မဟုတ်အစိုးရအဖွဲ့ကိုအာဏာခွဲဝေရသောစနစ် From Wikipedia, the free encyclopedia
သမ္မတတစ်ပိုင်းစနစ် (သို့မဟုတ်) တစ်စိတ်တစ်ပိုင်းသမ္မတစနစ် (အင်္ဂလိပ်: Semi-presidential system) သည် အစိုးရစနစ် တစ်ခုဖြစ်ကာ သမ္မတနှင့် ဝန်ကြီးချုပ်၊ အစိုးရတို့အကြား အာဏာခွဲဝေ အုပ်ချုပ်သော စနစ်ဖြစ်သည်။ ပါလီမန်စနစ်နှင့် မတူသည်မှာ နိုင်ငံတော်အကြီးအကဲဖြစ်သော သမ္မတသည် ဟန်ပြအနေအထားသာမဟုတ်ဘဲ အာဏာအနည်းငယ် ပိုရှိသည်။ သို့ရာတွင် သမ္မတစနစ်ကျင့်သုံးသော နိုင်ငံများမှ သမ္မတများကဲ့သို့လည်း အပြည့်အဝအာဏာ မရှိပေ။[၁][၂][၃]

သမ္မတတစ်ပိုင်းစနစ်ကျင့်သုံးသော နိုင်ငံများ
၁၉၁၉ခုနှစ်မှ ၁၉၃၃ခုနှစ်အထိ တည်ရှိခဲ့သော ဝိုင်မာသမ္မတနိုင်ငံ၊ ဖင်လန်နိုင်ငံ၏ ၁၉၁၉ခုနှစ်မှ ၂၀၀၀ပြည့်နှစ်အထိ ကျင့်သုံးခဲ့ကြသော စနစ်များမှာ သမ္မတတစ်ပိုင်းစနစ်များဖြစ်ကြသည်။ သို့သော် သမ္မတတစ်ပိုင်းစနစ် (Semi-presidential system) ဟူသောအသုံးကို ၁၉၅၉ခုနှစ်တွင် သတင်းသမား Hubert Beuve-Méry က စတင်အသုံးပြုခဲ့သည်။ ၁၉၇၈ခုနှစ်တွင် နိုင်ငံရေးသိပ္ပံသမား Maurice Duverger က တောက်လျှောက်အသုံးပြုခဲ့ရာမှ တွင်ကျယ်လာသည်။
အဓိပ္ပါယ်
Maurice Duverger ၏ မူလဖွင့်ဆိုချက်တွင် ဖော်ပြထားသည်မှာ သမ္မတသည် ရွေးကောက်ခံရခြင်း၊ သတ်မှတ်ထားသော အာဏာရှိခြင်း၊ တိကျသော သက်တမ်းတစ်ခုကို သတ်မှတ်ထားခြင်း တို့ဖြစ်သည်။ ခေတ်သစ်ဖွင့်ဆိုချက်များတွင်မူ သမ္မတသည် နိုင်ငံတော်အကြီးအကဲအဖြစ် ရွေးကောက်ခံရမည်။ လွှတ်တော်၏ ယုံကြည်ခံရမှုဖြင့် သီးခြားဝန်ကြီးချုပ်တစ်ဦးသည် အစိုးရအဖွဲ့ကို ဦးဆောင်ရမည်။
မျိုးကွဲများ
သမ္မတတစ်ပိုင်းစနစ်၏ ထင်ရှားသော အမျိုးကွဲများမှာ ဝန်ကြီးချုပ်-သမ္မတပူးတွဲစနစ်နှင့် သမ္မတ-လွှတ်တော်ပူးတွဲစနစ်တို့ ဖြစ်သည်။
ဝန်ကြီးချုပ်-သမ္မတပူးတွဲစနစ်တွင် ဝန်ကြီးချုပ်နှင့် သူ၏အစိုးရအဖွဲ့သည် လွှတ်တော်ပိုင်းဆိုင်ရာအတွက် တာဝန်ရှိသည်။ သမ္မတသည် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများကို ရွေးချယ်ကာ လွှတ်တော်က ခန့်အပ်သည်။ ဖြုတ်ချခြင်းကိုလည်း လွှတ်တော်ကပင် အယုံအကြည်မရှိမဲခွဲရသည်။ဤစနစ်တွင် သမ္မတ၏ အခန်းကဏ္ဍသည် အနည်းအကျဉ်းသာရှိသည်။[၄]ဤစနစ်သည် ပါလီမန်စနစ်နှင့် နီးစပ်သည်။ ဘာကီးနားဖားဆို၊ ကိတ်ဗာဒီ၊ အရှေ့တီမော၊ ပြင်သစ်၊ လစ်သူရေးနီးယား၊ မဒါဂတ်စကား၊ မာလီ၊ မွန်ဂိုလီးယား၊ နိုင်ဂျာ၊ ဂျော်ဂျီယာ (၂၀၁၃ - ၂၀၁၈)၊ ပိုလန် (ဒီဖက်တို၊ အခြေံဥပဒေတွင်မူ ပါလီမန်စနစ်ဖြစ်)၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ ဆောင်တူမေးနှင့် ပရင်စီပီ၊ သီရိလင်္ကာ နှင့် ယူကရိန်း တို့သည် ဤစနစ်ကို ကျင့်သုံးကြသည်။
သမ္မတ-လွှတ်တော်စနစ်တွင်မူ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့သည် သမ္မတနှင့် လွှတ်တော်ကို ညီမျှစွာ တာဝန်ခံရသည်။ သမ္မတသည် လွှတ်တော်၏ထောက်ခံမှုဖြင့် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ကို ရွေးချယ်ခန့်အပ်သည်။ ရာထူးမှ ထုတ်ပယ်ရာတွင်လည်း အယုံအကြည်မရှိမဲခွဲ၍ သမ္မတရော လွှတ်တော်ကပါ ထုတ်ပယ်နိုင်သည်။ ဤစနစ်သည် သမ္မတစနစ်နှင့် နီးစပ်သည်။ ဂင်းနီဗစ်ဆော၊ မိုဇမ်ဘစ်၊ ရုရှား၊ ထိုင်ဝမ်တို့သည် ဤစနစ်ကို ကျင့်သုံးကြသည်။ ယူကရိန်း၊ ဂျော်ဂျီယာ၊ တောင်ကိုရီးယား၊ ဂျာမနီ (ဝိုင်မာနိုင်ငံ) တို့တွင်လည်း ယခင်က သုံးခဲ့သည်။
အာဏာခွဲဝေခြင်း
နိုက်ငံတော်အကြီးအကဲ သမ္မတနှင့် အစိုးရအဖွဲ့အကြီးအကဲ ဝန်ကြီးချုပ်တို့အကြား အာဏာခွဲဝေမှုသည် နိုင်ငံအလိုက် ကွဲပြားသည်။
ဥပမာ ပြင်သစ်နိုင်ငံတွင် ဝန်ကြီးချုပ်နှင့် သမ္မတို့မှာ မတူညီသော ပါတီများမှဖြစ်လျှင် သမ္မတသည် နိုင်ငံခြားရေးနှင့် ကာကွယ်ရေး မူဝါဒများကို ကိုယ်တွယ်သည်။ ဝန်ကြီးချုပ်သည် ပြည်တွင်းမူဝါဒများနှင့် စီးပွားရေးမူဝါဒများကို ကိုင်တွယ်သည်။ သမ္မတနှင့် ဝန်ကြီးချုပ်တို့သည် ပါတီတစ်ခုအတွင်းမှဆိုလျှင် သမ္မတသည် ဒီ ဖက်တို သဘောဖြင့် ဝန်ကြီးချုပ်မှတဆင့် မူဝါဒအားလုံးကို ထိန်းချုပ်လေ့ရှိသည်။
ကျင့်သုံးသောနိုင်ငံများ
ဝန်ကြီးချုပ်-သမ္မတစနစ်
သမ္မတသည် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ကို ရွေးချယ်နိုင်ကာ လွှတ်တော်ကသာ ထုတ်ပယ်ပိုင်ခွင့်ရှိသည်။ သို့သော် သမ္မတသည် လွှတ်တော်ကို ဖျက်သိမ်းခွင့်ရှိသည်။
အယ်လ်ဂျီးရီးယား
ဘာကီးနားဖားဆို
ကိတ်ဗာဒီ
ကွန်ဂိုဒီမိုကရက်တစ်သမ္မတ
အရှေ့တီမော
အီဂျစ်
ပြင်သစ်
ဟေတီ
လစ်သူယေးနီးယား
မဒါဂတ်စကား
မာလီ
မွန်ဂိုးလီးယား
နိုင်ဂျာ
ပိုလန် (ဒီ ဖက်တို၊ ဒီ ဂျူရီ - ပါလီမန်စနစ်)
ပေါ်တူဂီ
ရိုမေးနီးယား
ဆောင်တူမေးနှင့် ပရင်စီပီ
ဆားဘီးယား (ဒီ ဖက်တို၊ ဒီ ဂျူရီ - ပါလီမန်စနစ်)
တူနီးရှား
တာ့ခ်မင်နစ္စတန်
ယူကရိန်း
သမ္မတ - ပါလီမန်စနစ်
အဇာဘိုင်ဂျန်
ကွန်ဂို
ဂီနီ-ဘီစော
မော်ရီတေးနီးယား
မိုဇမ်ဘစ်
နမီးဘီးယား
ပါလက်စတိုင်း
ရုရှား
သီရိလင်္ကာ
တောင်အော်ဆက်တီးယား
ဆီးရီးယား
ထိုင်ဝမ်
ထရန်နစ္စတြီးယား
ယခင်က ကျင့်သုံးခဲ့သော နိုင်ငံများ
အာမေးနီးယား (၁၉၉၁-၁၉၉၈၊ ၂၀၁၃-၂၀၁၈)
ခရိုအေးရှား (၁၉၉၀-၂၀၀၀)
ကျူးဘား (၁၉၄၀-၁၉၇၆)
ဖင်လန် (၁၉၁၉-၂၀၀၀)
ဂျော်ဂျီယာ (၂၀၀၄-၂၀၁၈)
ဂျာမနီ (၁၉၁၉-၁၉၃၃)
ဂရိ (၁၉၇၃-၁၉၇၄)
ကာဇက်စတန် (၁၉၉၁-၁၉၉၅)
ကင်ညာ (၂၀၀၇-၂၀၁၃)
မော်လ်ဒိုဗာ (၁၉၉၀-၂၀၀၁)
ပါကစ္စတန် (၁၉၈၅-၂၀၁၀)
ဖိလစ်ပိုင် (၁၉၈၁-၁၉၈၆)
ဆိုဗီယက်ရုရှား (၁၉၉၁)
ဆိုဗီယက်ယူနီယံ (၁၉၉၀-၁၉၉၁)
တောင်ကိုရီးယား (၁၉၇၂-၁၉၈၈)
ယူကရိန်း (၁၉၉၁ - ၁၉၉၅)
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.