သမ္မတနိုင်ငံ
From Wikipedia, the free encyclopedia
Remove ads
သမ္မတနိုင်ငံ (Republic) ဆိုသည်မှာ အစိုးရအဖွဲ့ ပုံစံတစ်မျိုးဖြစ်ပြီး ပြည်သူ အများစုက အစိုးရကို အနည်းဆုံး သီအိုရီအားဖြင့် ထိန်းချုပ်ထားနိုင်ခြင်းကို ဆိုလိုပြီး အမွေဆက်ခံခြင်းဖြင့် အစိုးရ အဖွဲ့ အုပ်ချုပ်မှုကို လွှဲပြောင်း ပေးခြင်း မဟုတ်သည်ကို ဆိုလိုသည်။ ခေတ်သစ် အများသုံး အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ရီပတ်ဘလစ် ဆိုသည်မှာ ဘုရင်က နိုင်ငံ့ခေါင်းဆောင်အဖြစ် ရှိမနေခြင်းကို ဆိုလိုသည်။ ရီပတ်ဘလစ် ဆိုသော စကားလုံးမှာ လက်တင်ဘာသာစကား res publica မှ ဆင်းသက်လာ၍ အများပြည်သူနှင့် သက်ဆိုင်သော အရေးအခင်းဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပြီး ထိုသို့သော ပုံစံရှိသည့် အစိုးရ အုပ်ချုပ်သည့် နိုင်ငံကို ဖော်ပြရန် အတွက် အသုံးပြုကြသည်။
ခေတ်သစ်နှင့် ရှေးခေတ်မှ သမ္မတနိုင်ငံများသည် သူတို့၏ အယူအဆနှင့် ပါဝင်ဖွဲ့စည်းပုံတွင် ကွဲပြားခြားနားမှု အများအပြားရှိသည်။ ဂန္ထဝင်ခေတ် နှင့် အလယ်ခေတ်တို့တွင် ပထမဆုံးပေါ်ပေါက်ခဲ့သော သမ္မတနိုင်ငံမှာ ရိုမန် သမ္မတနိုင်ငံ ဖြစ်ပြီး ရောမအား ဘုရင် အုပ်ချုပ်သော ခေတ်နှင့် စစ်ဘုရင်များ အုပ်ချုပ်သော ခေတ်များကြားရှိကာလကို ရည်ညွှန်းသည်။ အီတလီတို့၏ အလယ်ခေတ် နှင့် ရီနေဆွန်းခေတ်တို့မှ နိုင်ငံရေး ဓလေ့ ထုံးတမ်းများကို ယနေ့တွင် ယဉ်ကျေးသော လူသားဆန်မှု (civic humanism) ဟု ညွှန်းဆိုလေ့ ရှိကြပြီး တစ်ခါတစ်ရံတွင် ရောမ ရီပတ်ဘလစ်ကင်များ ဖြစ်ကြသော ဆယ်လတ် (Sallust ) နှင့် တက်ဆီတပ် (Tacitus) တို့မှ တိုက်ရိုက်ဆင်းသက်လာသည်ဟု ယူဆကြသည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads