သမ္မတအိမ်တော် အဆောက်အဦး (ထိုင်ပေ)

တရုတ်သမ္မတနိုင်ငံတော်၏ ရုံးချုပ် From Wikipedia, the free encyclopedia

သမ္မတအိမ်တော် အဆောက်အဦး (ထိုင်ပေ)
Remove ads

သမ္မတအိမ်တော် အဆောက်အဦးသည် တရုတ်သမ္မတနိုင်ငံ (အာအိုစီ) သမ္မတ ရုံးတက်ရာ ဌာနဖြစ်သည်။ ယင်းအဆောက်အဦးအား ဂျပန်ကိုလိုနီခေတ် (၁၈၉၅-၁၉၄၅) တွင် ဂျပန်ဗိသုကာပညာရှင် အုဟဲအိဂျိ နာဂနိုက ပုံစံရေးဆွဲခဲ့သည်။ မူလက ထိုင်ဝမ်ဘုရင်ခံ၏ ရုံးတော်အဖြစ် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

Thumb
သမ္မတအိမ်တော်သည် ဂျပန်ကိုလိုနီခေတ်တွင် ထိုင်ဝမ်ဘုရင်ခံ၏ ရုံးတော်ဖြစ်သည်။
Thumb
သမ္မတအိမ်တော်၏ ဝေဟင်မှမြင်ကွင်း
Thumb
သမ္မတ ကျမ်းသစ္စာကြိမ်ဆိုပွဲ ကျင်းပသည့် ကျဲ့စို့ခန်းမ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မဟာမိတ်တပ်တို့၏ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည်။ စစ်ကြီးပြီးနောက် ထိုင်ဝမ်ပြည်နယ်မှူး ချန်ယိက ပြန်လည် ပြုပြင်ဆောက်လုပ်ခဲ့သည်။ ကွန်မင်တန်အစိုးရ တရုတ်ပြည်တွင်းစစ်ပွဲတွင် ရှုံးနှိမ့်ကာ ထိုင်ဝမ်သို့ ပြောင်းရွှေ့လာပြီးနောက် ၁၉၅၀ ခုနှစ်တွင် ယင်းအဆောက်အဦးအား သမ္မတအိမ်တော်အဖြစ် အသုံးပြုခဲ့သည်မှာ ယနေ့အထိတိုင် ဖြစ်သည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads