သမ်လွမ်း လိုဏ်ဂူအတွင်းပိတ်မိမှု ကယ်ဆယ်ခြင်း
From Wikipedia, the free encyclopedia
Remove ads
၂၀၁၈ခုနှစ် ဇွန်လ၂၃ရက်နေ့တွင် အသက်၁၁နှစ်မှ၁၆နှစ်အထိရှိသော ဒေသဘောလုံးအသင်းမှ ကလေး၁၂ယောက်နှင့် နည်းပြတစ်ယောက်တို့မှာ ထိုင်းနိုင်ငံ၊ချင်းရိုင်ခရိုင်ရှိ သမ်လူအမ်လိုဏ်ဂူတွင် ပိတ်မိမှုဖြစ်ပွားခဲ့သည်။ သူတို့ဂူအတွင်းဝင်သွားပြီးအပြင်တွင် မိုးသည်းထန်စွာရွာပြီး ဂူအတွင်းရေများဝင်ရောက်ကာ ပိတ်မိနေခြင်းဖြစ်သည်။ သူတို့ပျောက်ဆုံးပြီးနာရီအနည်းငယ်အကြာတွင် ပျောက်ဆုံးကြောင်းတိုင်ကြားခံရပြီး ရှာဖွေရေးလုပ်ငန်းများလုပ်ဆောင်ခဲ့သည်။ ဂူထဲတွင်သူတို့ရှိကြောင်း အတည်ပြုအပြီးဂူအတွင်းသို့ဝင်ရောက်ရန် ကြိုးစားကြသော်လည်း မိုးရွာသွန်းမှုကြောင့်အခက်အခဲများရှိခဲ့သည်။ နိုင်ငံတော်အစိုးရကိုယ်တိုင် ရှာဖွေခဲ့ပြီး ကမ္ဘာ့နိုင်ငံများ၏စိတ်ဝင်စားမှုခံခဲ့ရသည်။
နိုင်ငံတကာမှအကူအညီများနှင့်ရှာဖွေခဲ့ပြီး ပျောက်ဆုံးပြီး၉ရက်အကြာတွင် ရေငုပ်သမားကယ်ဆယ်သူများက ဂူ၏ အတွင်းပိုင်းတော်တော်ကျသောနေရာတွင် တွေ့ရှိခဲ့သည်။ရေမျာ္ပြည့်နေသောနေရာရှိ ကျောက်တုံးအမြင့်ပေါ်တွင် အားလုံးကိုအသက်ရှင်လျက်တွေ့ခဲ့သည်။ ဂူအတွင်းမှထွက်ရန်မှာမူ ရေငုပ်သင်ခြင်း (သို့မဟုတ်) ရေကျသွားရန်စောင့်ခြင်းတို့လိုအပ်သည်။
ကယ်ဆယ်ခြင်းတွင် လူပေါင်း၁၀၀၀ကျော်ပါဝင်ခဲ့ပြီး ထိုင်းရေတပ်မှ နိုင်ငံတော်အဆင့်ကယ်တင်ခဲ့သည်။ မြန်မာအပါအဝင် ဗြိတိန်၊တရုတ်၊လာအို၊ဩစတြေးလျနှင့် အမေရိကန်တို့ပါ ကူညီခဲ့သည်။
Remove ads
ပျောက်ဆုံးခြင်း

သမ်လုအမ်ဂူမှာ ထိုင်း-မြန်မာနယ်စပ်ရှိ ဒွိုင်နမ်နွန်တောင်တန်းတွင်တည်ရှိပြီး ၁၀ကီလိုမီတာ(၆.၂မိုင်)ရှည်လျားသည်။
၂၀၁၈ခုနှစ် ဇွန်လ၂၃ရက်တွင် အသက်၁၁နှစ်မှ၁၆နှစ်အထိရှိသော "Moo Pa" ဘောလုံးအသင်းမှ ကလေး၁၂ယောက်နှင့် ၂၅နှစ်အရွယ်နည်းပြတစ်ယောက်တို့မှာ လိုဏ်ဂူအတွင်းပျောက်ဆုံးသွားခဲ့သည်။
ကယ်ဆယ်ခြင်း


ကနဦး ရှာဖွေမှု
သိသိချင်း စစ်တပ်မှ ရာဖွေခဲ့သည်။ မိုးသည်းထန်စွာရွာသွန်းနေ၍ ကယ်ဆယ်ရေးမှာ အခက်အခဲများရှိခဲ့သည်။၄ရက်အကြာတွင် ဗြိတိန်နှင့် အမေရိကန်တို့မှကယ်ဆယ်ရေးသမားများရောက်လာသည်။
အဆက်အသွယ်ရရှိခြင်း
ဇူလိုင်လ၂ရက်နေ့ ည၁၀နာရီတွင် အားလုံးကိုအသက်ရှင်လျက်ရှိကြောင်းသိခဲ့ရသည်။ သူတို့ကို ဗြိတိန်ရေငုပ်သမား၂ဦးကတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ပထမဆုံးတွေ့ရှိခဲ့သည့် ဗွီဒီယိုကို ထိုင်းရေတပ်မှ လူမှုကွန်ယက်တွင်တင်ခဲ့သည်။ ထိုဗွီဒီယိုတွင် ကလေးများမှ သူတို့ဘယ်လောက်ကြာအောင်ပိတ်မိခဲ့သနည်းနှင့် နေ့စွဲတို့ကိုမေးမြန်းနေကြသည်။
ဇူလိုင်လ၃ရက်နေ့တွင် ဆရာဝန်နှင့် သူနာပြုအပါအဝင် ရေငုပ်သမား၇ယောက်မှာ ဂူအတ့င်းဝင်ခဲ့သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads