ကုန်တင်လေယာဉ်

From Wikipedia, the free encyclopedia

ကုန်တင်လေယာဉ်
Remove ads

ကုန်တင်လေယာဉ် သို့ ကာဂိုလေယာဉ် သည် တောင်ပံပါသော လေယာဉ်ပျံမျိုးဖြစ်ပြီး ခရီးသည်များကို တင်ဆောင်ရန် မဟုတ်ဘဲ ကုန်ပစ္စည်းများကို သယ်ဆောင်ရန် ရည်ရွယ်၍ ပုံစံထုတ် တည်ဆောက်ထားသည်။ ခရီးသည်တင် လေယာဉ်များကိုလည်း ကုန်တင်လေယာဉ်အဖြစ် ပုံစံပြောင်းလဲ ပြေးဆွဲလေ့ ရှိသည်။ ထိုသို့သော လေယာဉ်များတွင် ခရီးသည်များ နှင့် ပတ်သက်သော အသုံးအဆောင် ပစ္စည်းများ မပါရှိတတ်ဘဲ ကုန်ပစ္စည်းများ အတင်အချ ပြုလုပ်ရန် အတွက် တံခါးပေါက် အကြီးကြီးများ တပ်ဆင်ထားလေ့ ရှိသည်။ ကုန်တင်လေယာဉ်များကို ခရီးသည်တင် လေကြောင်းလိုင်းများမှ ပြေးဆွဲလေ့ ရှိသကဲ့သို့ ကုန်တင်လေကြောင်းလိုင်းများမှလည်း သီးသန့် ပြေးဆွဲလေ့ရှိသည်။ တစ်ခါတစ်ရံတွင် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မှ ကိုယ်ပိုင် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရန် အတွက် ကုန်တင်လေယာဉ်ကို အသုံးချလေ့ ရှိသည့်အပြင် နိုင်ငံတစ်ခုစီ၏ စစ်တပ်များမှလည်း ကုန်ပစ္စည်းများကို သယ်ယူရန် အတွက် ကုန်တင်လေယာဉ် များကို အသုံးပြုတတ်သည်။ သို့သော်လည်း လေကြောင်းဖြင့် တင်ပို့သည့် ကုန်ပစ္စည်းအများစုကို ခရီးသည်တင် လေယာဉ်ပျံများ၏ ကုန်တင်ခန်းတွင် ယူအယ်လ်ဒီ ကုန်သေတ္တာများဖြင့် ထည့်သွင်း သယ်ယူလေ့ ရှိကြသည်။

Thumb
အန်တိုနော့ဗ် အေအင်န်-၂၅၅ အကြီးဆုံး ကုန်တင်လေယာဉ်
Thumb
လော့ဟိဒ် စီ-၅ ဂယ်လက်ဆီ
Thumb
စစ်တပ်သုံး ကုန်တင်လေယာဉ်ကြီး ဖြစ်သော ဘိုးအင်း စီ-၁၇ အေ ဂလုပ်မာစတာ ၃
Thumb
၁၉၆၀ ခုနှစ်များမှ ဘရစ်စတို ကုန်တင်လေယာဉ်တစ်စင်း
Thumb
ဘိုးအင်း ၇၄၇ ကုန်တင်လေယာဉ် အကြီးစား ဒရင်းမ် လစ်ဖ်တာ
Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads