သရက်ထောင်ဖောက်ခဲ့စဉ်က (စာအုပ်)

From Wikipedia, the free encyclopedia

သရက်ထောင်ဖောက်ခဲ့စဉ်က (စာအုပ်)
Remove ads

သရက်ထောင်ဖောက်ခဲ့စဉ်က စာအုပ်သည် မြန်မာစာရေးဆရာ အောင်သင်း၏ ဖြစ်ရပ်မှန် စွန့်စားခန်းစာအုပ် ဖြစ်သည်။ ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် ဇွန်ပွင့်စာအုပ်တိုက် မှ ပထမအကြိမ်အဖြစ် ထုတ်ဝေခဲ့သည်။

အချက်တိုများ စာရေးသူ, မျက်နှာဖုံး သရုပ်ဖော် ...

ဆရာအောင်သင်းသည် ၁၉၄၉ ခုနှစ် ရောင်စုံသူပုန်များ ပေါ်ပေါက်လာချိန်တွင် ရဲဘော်ဖြူများ၏ ဖမ်းဆီးခြင်းခံရကာ မကွေးထောင်၊ တောင်တွင်းကြီးထောင်၊ ပြည်ထောင်၊ သရက်ထောင်များတွင် နေထိုင်ခဲ့ရပြီး ၁၉၄၉ ခုနှစ် နိုဝင်ဘာလတွင် သရက်ထောင်ကို ဖောက်၍ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ သရက်ထောင်မှ ထွက်ပြေးလွတ်မြောက်ရန် ကိုတိုင်းမောင်၊ ကိုအောင်ကြည်တို့နှင့်အတူ ကြိုးပမ်းခဲ့သည့်အကြောင်းများကို ရေးသားထားခြင်းဖြစ်သည်။

Remove ads

ပါဝင်သည့်အကြောင်းအရာများ

အကြောင်းအရာများကို အပိုင်းသုံးပိုင်းခွဲ၍ တင်ဆက်ထားသည်။ အပိုင်းတစ်တွင် သရက်ထောင်သို့ ရောက်ရှိလာပုံ၊ ထောင်တွင်းတွင် နေထိုင်စားသောက်ရပုံများ၊ ထောင်ဖောက်ရန် ကြံစည်ကြိုးပမ်းပုံမှ ထောင်အပြင်ဖက်သို့ လွတ်မြောက်သွားပုံတို့ကို ရေးသားထားသည်။ အပိုင်းနှစ်တွင် တောင်တွင်းကြီးမြို့သို့ သွားရန်ကြိုးပမ်းပုံများ၊ အပိုင်းသုံးတွင် တောင်တွင်းကြီးမြို့မှ ရေနံချောင်းမြို့သို့ ခရီးဆက်ရပုံများကို ရေးသားဖော်ပြထားသည်။

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads