သရက်သီး

သစ်သီးမျိုးစိတ်များ From Wikipedia, the free encyclopedia

သရက်သီး
Remove ads

အနံ့အရသာနှင့် ပြည့်စုံသော သရက်သီးသည် အပူပိုင်းဒေသ၏ အမည်ကျော် အသီးတစ်မျိုး ဖြစ်သည်။ သရက်ပင်၏ မူရင်းပေါက်ရောက်ရာဒေသသည် အိန္ဒိယနိုင်ငံအရှေ့ပိုင်း အာသံပြည်နယ်နှင့် မြန်မာနိုင်ငံတို့ဖြစ်သည်။

Thumb
သရက်သီး

သရက်ပင်၏ ပုံပန်းသဏ္ဌာန်

သရက်ပင်သည် အမြင့်ပေ ၁၁၅ပေမှ ၁၃၁ ပေအထိ ရှိနိုင်သည်။ နှစ်ရှည်ပင်မျိုးဖြစ်ပြီး နှစ် ၃၀၀ ကျော်သည်အထိ အသီးသီးနေသော အပင်ရှိခဲ့ဖူးသည်။ သရက်ပင်၏အရွက်သည် နုစဉ်အခါ ပန်းနုရောင်သန်းသော လိမ္မော်ရောင်ရှိပြီး တဖြည်းဖြည်း အနီရောင် နောက်ပိုင်းတွင် အစိမ်းရင့်ရောင်သို့ ပြောင်းလဲသွားသည်။ အရွက်များသည် အမြဲစိမ်းလန်းနေသည်။ သရက်ပင်အမျိုးပေါင်း ၄၀၀ ကျော်ရှိပြီး အများစုမှာ နွေရာသီတွင် အသီးသီးကြ၍ တချို့မျိုးမှာ တစ်နှစ်လျှင် နှစ်ခါ အသီးသီးကြသည်။

Thumb
စိန်တစ်လုံး သရက်သီး
Remove ads

သရက်သီး

သရက်ပင်မှ သရက်သီးများ ရင့်မှည့်ရန် ၃ လ မှ ၆ လ အထိ ကြာမြင့်တတ်သည်။ အဖူး အပွင့်တို့တွင် သင်းပျံ့ပျံ့ရနံ့ရှိသည်။ အချို့အပွင့်တို့တွင် ဝတ်ဆံအဖိုအမနှစ်မျိုး ပါ၍ အချို့အပွင့်တို့တွင် ဝတ်ဆံဖိုသာပါလေသည်။ သရက်အဖူး အပွင့်တို့ကိုမြန်မာနိုင်ငံတွင်တို့စရာအဖြစ် စားသုံးကြလေသည်။ မတ်လလောက်တွင် တို့စားနိုင်သော အရွယ်သရက်သီး အကင်းများရရှိသည်။ ဧပြီလကုန်မေလဆန်းမှစ၍သရက် သီးများမှည့်ဝင်းလာကြသည်။ သရက်သီးမှည့်များကို ဧပြီလမှဇွန်လတိုင်အောင်စားကြရသည်။

သရက်သီးတို့သည်အမျိုးအစားလိုက်၍ အရွယ်အစား စားပုံသဏ္ဌာန်အမျိုးမျိုး ရှိကြလေသည်။ အငယ်ဆုံးအမျိုး အစားသည် ဆီးသီးခန့်မျှသာရှိ၍ အချို့အမျိုးအစားသည် တစ်လုံးလျှင်တစ်ပိဿာ ကျော်ခန့်ပင်အလေးချိန်စီးအောင်ကြီးမား သည်။ အချို့အသီးများသည် ဘဲဥပုံဖြစ်၍ အချို့သည်လုံးဝန်းသည်။ အချို့သည်အရင်းကား၍ အဖျားရှူးပြီးလျှင် အချို့တို့သည် ရှည်လျားလျားပုံသဏ္ဌာန် ဖြစ်ကြသည်။ များသောအားဖြင့် အသီး၏အဖျားပိုင်းသည် ငှက်နှုတ်သီးကဲ့သို့ ခပ်ကောက်ကောက်ရှိတတ်လေသည်။ သရက်သီးများမှည့်လာလျှင်အသီးခွံသည်လှပစွာဝါဝင်းလာသည်။ အနံ့လည်းမွှေးလာသည်။ အချို့အသီးမှည့်များသည်အနီတစ်ပိုင်းအဝါတစ်ပိုင်းဖြင့်တစ်မျိုးတစ်ဖုံလှပကြ ပေသည်။ အချို့သရက်မျိုးတို့ကားမှည့်နေသည်တိုင်အောင်အစိမ်းပုပ်ရောင်ပင်ရှိနေတတ်လေသည်။

သရက်သီးကို အသီးများ၏ဘုရင်ဟုတင်စားခေါ်ဆိုကြသည်။ သရက်ကို မြန်မာတစ်နိုင်ငံလုံးရှိ အိမ်တိုင်းလိုလိုစိုက်ပျိုးကြသည်။ သရက်ပင်ဆိုသည်မှာ အလွန်အေးသောနေရာများ အထူးသဖြင့် ပေ၄၀၀၀ အထက်နေရာများတွင် မဖြစ်ထွန်းပါ။

Remove ads

သရက်အမည်များ

ကမ္ဘာပေါ်တွင် သရက်သီးမျိုးစိတ်ပေါင်း ၄၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံတွင် အစိုက်အများဆုံးသရက်မျိုးများမှာ စိန်တလုံး၊ ရွှေဟင်္သာ၊ ပတ္တမြားငမောက်၊ ရင်ကွဲ နှင့်မချစ်စုမျိုးတို့ဖြစ်ကြသည်။

မြန်မာနိုင်ငံတွင် သရက်မျိုးကောင်းများစွာရှိသည်။ အချို့သည် တစ်နိုင်ငံလုံး၌ ကျော်ကြားထင်ရှားသောအမျိုးအစားဖြစ်သော်လည်း အချို့မှာမူ ဆိုင်ရာနယ်ပယ်၌သာ ကျော်ကြားကြသည်။ တစ်ခါတစ်ရံ သရက်တစ်မျိုးတည်းပင် တစ်နယ်တွင်နာမည်တစ်မျိုးစီဖြင့် ကျော်ကြားနေသည်ကို တွေ့ကြရလေသည်။ တစ်နိုင်ငံလုံးတွင်သာမက အရှေ့အာရှတိုက်တွင်ပါ ကျော်ကြားသော မြန်မာသရက်မျိုးတို့မှာ မြန်မာနိုင်ငံ အထက်ပိုင်းမှ မန္တလေးနက်တဲ့ နှင့် အောက်မြန်မာနိုင်ငံ အောက်ပိုင်းမှ ဆံစုမေ့သရက် တို့ ဖြစ်ပေသည်။ မြန်မာနိုင်ငံအထက်ပိုင်းမှ နာမည်ကျော်အခြားသရက်များမှာ ရာဇမတ်၊ အောင်ဒင်နှင့် ပလူအိုက်တို့ ဖြစ်ကြသည်။ ဝါဆိုသရက်၊ ရွှေစာရံသရက်တို့ သည်လည်း သရက်မျိုးကောင်းများတွင် ပါဝင်သည်။ အောက်ပိုင်းတွင် ဆံစုမေ့အပြင်တလဖက်၊ ဥသျှစ်၊ မချစ်စု၊ ပန်းဆွဲတို့သည်လည်း နာမည်ကျော်ကြား သောသရက်မျိုး ကောင်းများဖြစ်ကြပေသည်။ စိုင်သရက်မျိုးကား အသီးနုစဉ်ကပင် အနံ့မွှေး၍တို့စားရာ၌ ကြွပ်သောကြောင့်အသီးစိမ်းကို ပို၍ နှစ်ခြိုက်ကြလေသည်။

အခြား မြန်မာသရက်မျိုးတို့မှာ ဂျပ်ပြား၊ ကောက်ချိတ်၊ ချမ်းသာအိုး၊ ငှက်ပြာ၊ စိမ်းစား၊ ဆင်ပေါင်၊ တလုပ်ထော်တမောက်၊ တောစာ၊ တောင်စွန်းရင်ကွဲ၊ ထိပ်နီ၊ ထိပ်ပေါက်၊ ထိပ်လုံး၊ မနော်နွယ်၊ ပါးနီ၊ ပျို့တငုံ ၊မင်းကြီး၊ မယ်တော်လက်သည်း၊ မရမ်းကြောင်၊ မိကျောင်းခေါင်း၊ မျောက်ခေါင်း၊ ရင်ကွဲ၊ ရေနံ၊ ရေဝင်၊ရွှေပေ၊ ရွှေလက်ရုံး၊ ရွှေလက်ဝါး၊ ရွှေလောက်စာ၊ ဝက်ခေါက်၊ သကြားဩဇာ၊ သရက်ညို၊ သရက်နီ၊ ငရက်ဖြူ၊ သလပ်ညို၊ သလပ်ဖြူ၊ ညိုကြီး၊ သုံးနှစ်၊ အစေ့စုတ်၊ အိုးတုတ်၊ သုံးလုံးတစ်တောင်၊ မြကျောက်၊ စသည်တို့ပင်တည်း။ အိန္ဒိယနိုင်ငံမှသရက်မျိုးတို့ကိုလည်း မျိုးယူစိုက်ပျိုးကြရာ ထိုသရက်မျိုးတို့ကို ဗင်္ဂလားဟုခေါ်ကြသည်။ ဗင်္ဂလား သရက်မျိုးပေါင်းလည်း အများအပြားရှိလေသည်။

Thumb
သရက်သီးစိမ်း ငပိထောင်း

ပုံစံမျိုးစုံ စားသုံးနိုင်သော သရက်သီး

သရက်သီးစိမ်းများကို နုစဉ်အခါတို့စရာ အဖြစ်အစိမ်း တို့စားကြသည်။ အသီးအနည်းငယ်ကြီးလာလျှင်သုပ်၍လည်းစား ကြသည်။ သနပ်ပြုလုပ်ခြင်း၊ ဆားရည်စိမ်ခြင်း စသည်ဖြင့်လည်း ပြုလုပ်သုံးဆောင်ကြသည်။ သရက်သီး မှည့်များကိုမူ ထိုအတိုင်း စားသုံးကြလေသည်။ အသီးမှည့်၏အတွင်းသားသည် ဝင်းဝါ၍သော် လည်းကောင်း၊ လိမ်မော်ရောင်သော်လည်းကောင်း ရှိတတ်၍ ပျော့အိနေသောထိုအတွင်းသားသည် ချိုအေးသောအရသာနှင့် တကွချိုမွှေး၍နေလေသည်။ သရက်သီးမှည့်၏အရသာကို အချို့စာဆိုကြီးများက နတ်သုဒ္ဓါ နှင့်ပင် ခိုင်းနှိုင်းကြလေသည်။ မျိုးကောင်းသော သရက်သီးမှည့်၏ အရသာသည်လျှာတွင် စွဲကျန်ကာစားရသူ၌ နှစ်သိမ့်တင်းတိမ်မှုကိုဖြစ်စေသည်။

Remove ads

သရက်သီး၏အကျိုးကျေးဇူး

သရက်သီးသည် ချိုချဉ်အရသာရှိ၏။ ခံတွင်းမြိန်စေ၏။ သွေးသည်းချေကိုဖျက်စေတတ်၏။ လေသလိပ်ကိုနိုင်၏။ ကျင်ကြီးအစုကိုဖျက်၍ ဝမ်းကိုရွှင်စေတတ်၏။ ကိုလက်စရောဓာတ်ကို လျော့ချပေး၏၊ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်၏၊ အစာကြေစေ၏၊ ဦးနှောက်သွေးကြောပြတ်ခြင်းအတွက် ကောင်းမွန်စေသည်၊ မျက်လုံးအတွက် ဆေးတစ်မျိုးလည်းဖြစ်သည်။

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads