သဟဇာတပစ္စည်း

From Wikipedia, the free encyclopedia

သဟဇာတပစ္စည်း
Remove ads

[] (၁) သဟဇာတပစ္စည်း၊ အတူတကွဖြစ်သည် ဖြစ်၍-အတူတကွဖြစ်သည်၏အဖြစ်ဖြင့်-ကျေးဇူးပြုတတ်သောတရား။ []

(၂) သဟဇာတပစ္စယသတ္တိ။ [][]

(နိဿယ အတ္ထိ အဝိဂတ လည်း အတူတူ)

သဟဇာတပစ္စည်း

သဟဇာတပစ္စည်း (Sahajāta Paccaya) သည် ပဋ္ဌာန်း ၂၄ ပစ္စည်းတွင် ဆဋ္ဌမမြောက် ပစ္စည်းဖြစ်သည်။ "သဟဇာတ" ဟူသည် အတူတကွ ဖြစ်ပေါ်ခြင်းဟု အဓိပ္ပာယ်ရ၍ "ပစ္စည်း" ဟူသည် ကျေးဇူးပြုတတ်သော တရားဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် သဟဇာတပစ္စည်းဟူသည် အတူတကွ ဖြစ်ပေါ်သော တရားတို့၏ အပြန်အလှန် ကျေးဇူးပြုပုံကို ဆိုလိုသည်။

ရိုးရိုးရှင်းရှင်းဆိုရလျှင် တရားနှစ်ပါး သို့မဟုတ် နှစ်ပါးထက်ပို၍ တစ်ချိန်တည်း တစ်ပြိုင်နက်တည်း ဖြစ်ပေါ်လာပြီး တစ်ခုနှင့်တစ်ခု အပြန်အလှန် အထောက်အပံ့ပြုခြင်းကို သဟဇာတပစ္စည်းဟု ခေါ်သည်။ ထိုတရားများသည် အကြောင်းတရားလည်း ဖြစ်နိုင်သလို အကျိုးတရားလည်း ဖြစ်နိုင်သည်။ အကြောင်းနှင့် အကျိုး နှစ်မျိုးလုံး တစ်ချိန်တည်း ဖြစ်ပေါ်နေခြင်းဖြစ်သည်။

Remove ads

ဥပမာများ

  • **ဆီမီးနှင့် မီးရောင်:** ဆီမီးနှင့် မီးရောင်တို့သည် တစ်ချိန်တည်း တစ်ပြိုင်နက်တည်း ဖြစ်ပေါ်သည်။ ဆီမီးရှိမှ မီးရောင်ရှိပြီး မီးရောင်ရှိမှ ဆီမီး၏ တန်ဖိုးကို သိနိုင်သည်။ ဤတွင် ဆီမီးသည် မီးရောင်၏ သဟဇာတပစ္စည်းဖြစ်ပြီး မီးရောင်သည်လည်း ဆီမီး၏ သဟဇာတပစ္စည်းဖြစ်သည်။
  • **စိတ်နှင့် စေတသိက်:** စိတ်နှင့် စေတသိက်တို့သည်လည်း တစ်ချိန်တည်း တစ်ပြိုင်နက်တည်း ဖြစ်ပေါ်သည်။ စိတ်မရှိဘဲ စေတသိက် မဖြစ်နိုင်သလို စေတသိက်မရှိဘဲ စိတ်လည်း မဖြစ်နိုင်ပေ။ ဤတွင် စိတ်သည် စေတသိက်၏ သဟဇာတပစ္စည်းဖြစ်ပြီး စေတသိက်သည်လည်း စိတ်၏ သဟဇာတပစ္စည်းဖြစ်သည်။ ဥပမာ - လောဘစိတ် ဖြစ်ပေါ်သောအခါ လောဘစေတသိက်သည် ထိုစိတ်နှင့် တစ်ပြိုင်နက်တည်း ဖြစ်ပေါ်သည်။
  • **ခန္ဓာငါးပါး:** ရုပ်ခန္ဓာနှင့် နာမ်ခန္ဓာ (ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်) တို့သည်လည်း သဟဇာတပစ္စည်းအားဖြင့် အပြန်အလှန် ကျေးဇူးပြုသည်။

သဟဇာတပစ္စည်း၏ အဓိက လက္ခဏာများမှာ-

  • **တစ်ချိန်တည်း ဖြစ်ပေါ်ခြင်း (Simultaneous Arising):** အကြောင်းနှင့် အကျိုးတရားတို့သည် တစ်ချိန်တည်း တစ်ပြိုင်နက်တည်း ဖြစ်ပေါ်ရမည်။
  • **အပြန်အလှန် ကျေးဇူးပြုခြင်း (Mutual Support):** တရားနှစ်ပါး သို့မဟုတ် နှစ်ပါးထက်ပို၍ တစ်ခုနှင့်တစ်ခု အပြန်အလှန် အထောက်အပံ့ ပြုရမည်။
  • **နာမ်နှင့် ရုပ် နှစ်မျိုးလုံးတွင် ဖြစ်ပေါ်နိုင်ခြင်း (Occurs with both Mental and Physical Phenomena):** သမနန္တရပစ္စည်းကဲ့သို့ နာမ်တရားများတွင်သာ ဖြစ်ပေါ်ခြင်းမဟုတ်ဘဲ ရုပ်တရားများတွင်လည်း ဖြစ်ပေါ်နိုင်သည်။

အချုပ်အားဖြင့် သဟဇာတပစ္စည်းသည် တရားတို့၏ အတူတကွ ဖြစ်ပေါ်ခြင်းနှင့် အပြန်အလှန် ကျေးဇူးပြုပုံကို ရှင်းလင်းစွာ ဖော်ပြသော အဘိဓမ္မာသဘောတရားတစ်ရပ်ဖြစ်သည်။


ပစ္စည်း ပစ္စယုပ္ပန် ပစ္စနိက်
စိတ် ၈၉၊ စေ-၅၄

မဟာဘုတ် ၄-ပါး ဟဒယဝတ္ထု

စိတ် ၈၉၊ စေ-၅၄

မဟာဘုတ် ၄-ပါး၊ ဥပါဒါရုပ်

မရှိ
Remove ads

အတူဖြစ်တိုင်းလည်း သဟဇာတသတ္တိမရှိနိုင်

သမီးခင်ပွန်းနှစ်ယောက်နှင့်အတူ လူမမယ်သားသမီးကလေးများ အတူခရီးသွားရာ၌ သမီးခင်ပွန်း နှစ်ယောက်မှာ အချင်းချင်း အားကိုးနိုင်သော်လည်း လူမမယ်သားသမီးကလေးများကိုမူ အားကိုး၍မရပေ။ ထို့အတူ စိတ်စေတသိက်အချင်းချင်း, ပဋိသန္ဓေနာမက္ခန္ဓာနှင့် ဟဒယဝတ္ထုအချင်းချင်း, မဟာဘုတ်ရုပ် အချင်းချင်းသာ အားကိုးနိုင်ကြ ကျေးဇူးပြုနိုင်ကြသည်။ မဟာဘုတ်နှင့်တွဲ၍ တပြိုင်နက်ဖြစ်ရသော ဥပါဒါရုပ်မှာမဟာဘုတ်၏ အားကိုးစရာ မဟုတ်ပေ။ ဆိုလိုသည်မှာ ဥပါဒါရုပ်သည် အကြောင်းတရားမဖြစ်နိုင်, အကျိုး တရားသာ ဖြစ်နိုင်သည်။

နာမ်အချင်းချင်း ပစ္စည်းပစ္စယုပ္ပန်ဖြစ်ပုံ

အရူပဘုံ၌ ပဋိသန္ဓေစိတ်နှင့် စေတသိက် ၃၀ ဟူသော နာမ်ခန္ဓာလေးပါး ဖြစ်ရာတွင် ဝိညာဏက္ခန္ဓာသည် ပစ္စည်း, ကြွင်းနာမ်ခန္ဓာသုံးပါးသည် ပစ္စယုပ္ပန်၊ ကြွင်းနာမ်ခန္ဓာသုံးပါးသည် ပစ္စည်း, ဝိညာဏက္ခန္ဓာသည် ပစ္စယုပ္ပန်၊ ဝေဒနာက္ခန္ဓာသည် ပစ္စည်း, ကြွင်းနာမ် ခန္ဓာသုံးပါးသည် ပစ္စယုပ္ပန်၊ ကြွင်းနာမ်ခန္ဓာသုံးပါးသည် ပစ္စည်း, ဝေဒနာက္ခန္ဓာသည် ပစ္စယုပ္ပန်၊ ဤသို့စသည် ဖြင့် ခန္ဓာတစ်ပါးသည် ပစ္စည်း, ခန္ဓာသုံးပါးသည် ပစ္စယုပ္ပန်၊ ခန္ဓာသုံးပါးသည် ပစ္စည်း, ခန္ဓာတစ်ပါးသည် ပစ္စယုပ္ပန်၊ ခန္ဓာ၂ပါးသည် ပစ္စည်း, ခန္ဓာ၂ပါးသည် ပစ္စယုပ္ပန်စသည်ဖြင့်သိပါ။

အပါယ်လေးဘုံသား လူနတ်ဗြဟ္မာတို့၏ သန္တာန်တွင် မြင်စိတ်ကြားစိတ်စသည် ဖြစ်ရာတွင်လည်း ဝိညာဏက္ခန္ဓာသည် ပစ္စည်း, ကြွင်းနာမ်ခန္ဓာသုံးပါးသည် ပစ္စယုပ္ပန်၊ ကြွင်းနာမ်ခန္ဓာသုံးပါးသည် ပစ္စည်း, ဝိညာဏက္ခန္ဓာသည် ပစ္စယုပ္ပန်၊ ဝေဒနာက္ခန္ဓာသည် ပစ္စည်း, ကြွင်းနာမ် ခန္ဓာသုံးပါးသည် ပစ္စယုပ္ပန်၊ ကြွင်းနာမ်ခန္ဓာသုံးပါးသည် ပစ္စည်း, ဝေဒနာက္ခန္ဓာသည် ပစ္စယုပ္ပန်၊ ဤသို့စသည် ဖြင့် ခန္ဓာတစ်ပါးသည် ပစ္စည်း, ခန္ဓာသုံးပါးသည် ပစ္စယုပ္ပန်၊ ခန္ဓာသုံးပါးသည် ပစ္စည်း, ခန္ဓာတစ်ပါးသည် ပစ္စယုပ္ပန်၊ ခန္ဓာ၂ပါးသည် ပစ္စည်း, ခန္ဓာ၂ပါးသည် ပစ္စယုပ္ပန်စသည်ဖြင့်သိပါ။

Remove ads

နာမ်အချင်းချင်းနှင့် စိတ္တဇရုပ်, ပဋိသန္ဓေကမ္မဇရုပ် ပစ္စည်း ပစ္စယုပ္ပန်ဖြစ်ပုံ

ပဉ္စဝေါကာရဘုံဝယ် ပဋိသန္ဓေအခါ၌ ဆိုင်ရာ ပဋိသန္ဓေစိတ်စေတသိက် ဟူသောနာမက္ခန္ဓာနှင့် ကမ္မဇရုပ်တို့ဖြစ်ရာ ဝိညာဏက္ခန္ဓာသည် ပစ္စည်း, ကြွင်းနာမ်ခန္ဓာ၃ပါးနှင့် ကမ္မဇရုပ်သည် ပစ္စယုပ္ပန်၊ ကြွင်းနာမ်ခန္ဓာ ၃ ပါးသည် ပစ္စည်း, ဝိညာဏက္ခန္ဓာနှင့် ကမ္မဇရုပ်သည် ပစ္စယုပ္ပန်၊ ဤသို့စသည်ဖြင့် ခန္ဓာတပါးသည်ပစ္စည်း, ခန္ဓာ ၃ ပါးနှင့် ကမ္မဇရုပ်သည် ပစ္စယုပ္ပန်၊ ခန္ဓာ ၃ပါးသည် ပစ္စည်း, ခန္ဓာတစ်ပါးနှင့် ကမ္မဇရုပ်သည် ပစ္စယုပ္ပန်၊ ခန္ဓာ၂ပါးသည် ပစ္စည်း, ခန္ဓာ၂ပါးနှင့် ကမ္မဇရုပ်သည် ပစ္စယုပ္ပန် ဟု အပြန်အလှန် ကျေးဇူးပြုပုံသိပါ။ ပဝတ္တိအခါ၌ လောဘမူ ပထမစိတ်,စေတသိက်ဟူသော နာမက္ဓန္ဓာနှင့် ထိုစိတ်ကြောင့် စိတ္တဇရုပ်တို့ ဖြစ်ရာ ဝိညာဏက္ခန္ဓာသည် ပစ္စည်း, ကြွင်းနာမ်ခန္ဓာ ၃ ပါးနှင့် စိတ္တဇရုပ်တို့သည် ပစ္စယုပ္ပန်၊ ဤသို့စသည် ဖြင့် စိတ်ဖြစ်တိုင်း ဖြစ်တိုင်း သိပါလေ။

Remove ads

မဟာဘုတ်ရုပ်အချင်းချင်းနှင့် ဥပါဒါရုပ် ပစ္စည်း ပစ္စယုပ္ပန်ဖြစ်ပုံ

စိတ္တဇရုပ်ကလာပ်၌ ရုပ်ပေါင်း ၈ ပါး, ၉ ပါး စသည်ဖြစ်ရာ ထို၌ပါသော ပထဝီဓာတ်သည် ပစ္စည်း, ကြွင်းဓာတ်ကြီး ၃ပါးနှင့် ဥပါဒါရုပ်သည် ပစ္စယုပ္ပန်၊ ကြွင်းဓာတ်ကြီး၃ပါးသည် ပစ္စည်း, ပထဝီဓာတ်နှင့် ဥပါဒါရုပ်သည် ပစ္စယုပ္ပန်၊ ဤသို့စသည်ဖြင့် ဓာတ်တစ်ပါးသည် ပစ္စည်း, ကြွင်း ဓာတ်၃ပါးနှင့် ဥပါဒါရုပ်သည် ပစ္စယုပ္ပန်၊ ဓာတ်နှစ်ပါးသည် ပစ္စည်း, ကြွင်းဓာတ်နှစ်ပါးနှင့် ဥပါဒါရုပ်သည် ပစ္စယုပ္ပန်၊ စသည်ဖြင့်သိပါ။ ဤ၌ မဟာဘုတ်တို့သည် အချင်းချင်း အပြန်အလှန် ကျေးဇူးပြုနိုင်၏။ ဥပါဒါရုပ်တို့ကား ပစ္စည်းဘက်၌ မပါ, အမြဲတမ်း ပစ္စယုပ္ပန် ဖြစ်၏။ ထို့အတူ ပဋိသန္ဓေအခါ၌ ကာယဒသက ကလာပ်စသည်, ဗဟိဒ္ဓ၌ ဥတုဇကလာပ်, အာဟာရဇကလာပ်, ပဝတ္တိကမ္မဇကလာပ်တို့၌ ပါသော မဟာဘုတ်နှင့် ဥပါဒါရုပ်တို့ကိုလည်း ချဲ့ထွင်၍ ကြည့်လေ။

Remove ads

ပဋိသန္ဓေနာမက္ခန္ဓာနှင့်ဟဒယဝတ္ထုတို့ အချင်းချင်း ပစ္စည်း ပစ္စယုပ္ပန်ဖြစ်ပုံ

ပဉ္စဝေါကာရဘုံဝယ် ပဋိသန္ဓေအခါ၌ ပဋိသန္ဓေစိတ် စေတသိက်နှင့် ကမ္မဇကလာပ်ဝယ် ဟဒယဝတ္ထုတို့ ပါရှိလေရာ “ပဋိသန္ဓေစိတ်စေတသိက်ဟူသော နာမက္ခန္ဓာ၄ပါးသည် ပစ္စည်း, ဟဒယဝတ္ထု သည် ပစ္စယုပ္ပန်၊ ဟဒယဝတ္ထုသည် ပစ္စည်း, ပဋိသန္ဓေနာမက္ခန္ဓာ၄ပါးသည် ပစ္စယုပ္ပန်” ဟု ပဉ္စဝေါကာရ ဘုံသား သတ္တဝါများ၏ ပဋိသန္ဓေအခါတိုင်း၌ ပစ္စည်းပစ္စယုပ္ပန်ဖြစ်ပုံ သိပါလေ။

သဟဇာတ ၃မျိုး

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads