သဟသေယျသိက္ခာပုဒ်

From Wikipedia, the free encyclopedia

သဟသေယျသိက္ခာပုဒ်
Remove ads

သဟသေယျသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် သုဒ္ဓပါစိတ်အာပတ်တစ်ခု ဖြစ်သည်။ []

သမိုင်း

မြတ်စွာဘုရားသည် အဠဝီပြည်၊ အဂ္ဂါဠဝစေတီတွင် သီတင်းသုံး နေတော်မူ၏။ ထိုအချိန်တွင် ဥပါသကာတို့သည် တရားနာရန် ကျောင်းသို့ လာ၏။ တရားဟောပြီးသည့်အခါ မထေရ်ကြီးတို့သည် မိမိတို့ ကျောင်းနေရာသို့ ပြန်၏။ ရဟန်းငယ်တို့သည် တရားဟောရာ ဇရပ်တွင်ပင် ဥပါသကာတို့နှင့်အတူ အဆင်အခြင်မရှိ သတိကင်းလွတ်လျက် အိပ်၏။ ထိုအခါ ရဟန်းငယ်တို့သည် အဝတ်ကိုယ်၌ မကပ်ဘဲ ယောင်ယမ်းမြည်တမ်း၍ ဟောက်ကုန်၏။

ထိုအခါ ဥပါသကာတို့သည် “အသျှင်ကောင်းတို့သည် အဘယ်ကြောင့် သတိကင်းလွတ်လျက် အဆင်အခြင်မရှိ အဝတ်ကို၌ မကပ်ဘဲ ယောင်ယမ်းကာ ကျီးကဲ့သို့ ဟောက်လျက် အိပ်ဘိသနည်း” ဟု ကဲ့ရဲ့ကြ၏။ ထိုသို့ကဲ့ရဲ့သည်ကို ရဟန်းတို့သည် ကြားကုန်၏။ ထိုအခါ အလိုနည်းသော ရဟန်းတို့သည် ကဲ့ရဲ့ကြကုန်၏။ ထို့နောက် မြတ်စွာဘုရားအား လျှောက်ထားကြ၏။

မြတ်စွာဘုရားသည် ထိုရဟန်းငယ်တို့အား “ဟုတ်မှန်ပါသလား” ဟု မေး၏။ ရဟန်းငယ်တို့လည်း “ဟုတ်မှန်ပါသည်” ဟု ဖြေ၏။ ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။

အကြင်ရဟန်းသည် ရဟန်းမဟုတ်သော သူနှင့် အတူအိပ်ခြင်းကို ပြုငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏။

ဟု မိန့်တော်မူ၏။

ထိုနောက် မြတ်စွာဘုရားသည် အာဠဝီပြည်မှ ကောသမ္ဗီပြည်သို့ ကြွတော်မူ၏။ ကောသမ္ဗီပြည်၊ ဗဒရိကာရုံကျောင်းတွင် သီတင်းသုံး နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် သိက္ခာပုဒ်ကို ပညတ်တော်မူပြီး ဖြစ်သည့်အတွက် ရဟန်းတို့သည် အသျှင်ရာဟုလာကို “ငါ့သျှင် အိပ်ရန်နေရာကို သိလော့၊ မြတ်စွာဘုရားသည် ရဟန်းမဟုတ်သောသူနှင့် အတူမအိပ်ရ” ဟု ပညတ်တော်မူအပ်ပြီဟု ဆို၏။

ထိုအခါ အသျှင်ရာဟုလာသည် အိပ်ရာနေရမရသဖြင့် ကျင်ကြီးစွန့်ရာ ‘ဝစ္စကုဋီ’ တွင် အိပ်၏။ မိုးသောက်ယံရောက်သောအခါ မြတ်စွာဘုရားသည် ထ၍ ဝစ္စကုဋီသို့ ချဉ်းကပ်၍ ချောင်းဟန့်၏။ ထိုအခါ အသျှင်ရာဟုလာလည်း ချောင်းဟန့်၏။ ထိုအခါ မြတ်စွာဘုရားသည် မေးတော်မူကာ အလုံးစုံကို သိလေ၏။

ထို့နောက် မြတ်စွာဘုရားသည် ရဟန်းတို့ကို တရားစကား ပြောတော်မူကာ သိက္ခာပုဒ်ကို အောက်ပါအတိုင်း ပညတ်တော်မူ၏။ []

Remove ads

သိက္ခာပုဒ်

“အကြင်ရဟန်းသည် ရဟန်းမဟုတ်သောသူနှင့် နှစ်ညဉ့် သုံးညဉ့်ထက်အလွန် (တစ်မိုးတစ်ရံတည်းသော ကျောင်း၌) အတူတကွ အိပ်ခြင်းကို ပြုငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads