သာမိုဒိုင်းနမစ်

From Wikipedia, the free encyclopedia

သာမိုဒိုင်းနမစ်
Remove ads

သာမိုဒိုင်းနမစ် (အင်္ဂလိပ်: Thermodynamics) ဆိုသည်မှာ အရာဝတ္ထုများအကြား အပူပြောင်းလဲခြင်းကို လေ့လာသည့် ရူပဗေဒ ပညာရပ် တစ်ခုဖြစ်သည်။ ၎င်းသည် အရာဝတ္ထုတို့၏ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိတို့ကို ညွှန်ပြသော အပူချိန်၊ ဖိအား နှင့် ထုထည်အစရှိသော ကိန်းရှင်များကို ဆက်စပ်ပေးပြီး ထိုသို့ ဆက်စပ်ပေးသော သိပ္ပံပညာကို သာမိုဒိုင်းနမစ်ဟု ခေါ်ဆိုလေ့ ရှိသည်။

Thumb
၁၈၂၄ ခု မူလပထမ ကားနော့ အပူစွမ်းအင် အင်ဂျင်။ အပူ ကိုယ်ထည် (ဘွိုင်လာ) နှင့် အလုပ်ကိုယ်ထည် (စနစ်၊ ရေနွေးငွေ့)၊ အအေးကိုယ်ထည် (ရေ) တို့ကို ပြထားပြီး ကားနော့ စက်ဝိုင်းတွင် ရပ်တန့်သည့် နေရာပေါ်မူတည်၍ အက္ခရာ လေဘယ်လ် ထိုးထားသည်။

သမိုင်းကြောင်းအားဖြင့် ပြန်လည် ကြည့်ရှုမည်ဆိုလျှင် သာမိုဒိုင်းနမစ် စနစ်သည် အစောပိုင်း ရေနွေးငွေ့ အင်ဂျင်တို့၏ လုပ်ဆောင်ချက် ထိရောက်မှုစွမ်းရည် (Efficiency) ကို မြှင့်တင်ရန် အတွက် တီထွင်ခဲ့ခြင်း ဖြစ်သည်။

Remove ads

အခြေခံ သဘောတရား

သာမိုဒိုင်းနမစ်သည် စွမ်းအင်၊ စွမ်းအင်ပြောင်လဲမှုဖြစ်စဉ်၊ ဒြပ်တို့၏ ပြုမူချက်များနှင့်သက်ဆိုင်သည်။ အပူမှ အလုပ်သို့ ကူးပြောင်းခြင်း၊ စွမ်းအင်ပုံစံ တစ်မျိုးမှ တစ်မျိုးသို့ ကူပြောင်းခြင်း တို့ကို သာမိုးဒိုင်းနမစ် ဆိုင်ရာ ဥပဒေများက ထိန်းချုပ်ထားသည်။ ဒီဇိုင်းပြောင်လဲမှုများနှင့် စနစ်၏ဆောင်ရွက်ချက်များအတွက် သတင်းအချက်အလက်များကို ၎င်းသာမိုဒိုင်းနမစ်ပညာရပ်ကပေးသည်။ ၎င်းသည် မီးလောင်ကျွမ်းမှုစနစ်များ၊ အပူနှင့် နျူကလီးယား စွမ်းအင်စက်ရုံများ၊ အပူပန့်များ (Heat Pump) နှင့် အအေးပေးစက် (Air-conditioner/Refrigerator) ဆိုင်ရာ ပြဿနာများကိူ ကူညီဖြေရှင်းပေးသည်။ သာမိုဒိုင်းနမစ်သည် ဒြပ်များ၏ ဂုဏ်သတ္တိတို့ အကြားဆက်စပ်မှုများကို ကြိုတင်ခွဲခြား သိမြင်နိုင်သည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads