သာသနာပိုင်မန်လည်ဆရာတော်

From Wikipedia, the free encyclopedia

Remove ads

ပထမ မန်လည်ဆရာတော် သည် ကုန်းဘောင်ခေတ်ဦးနှင့် ခေတ်လယ်ပိုင်းတွင် ကျော်ကြားထင်ရှားခဲ့သည့် ဆရာတော်တစ်ပါးဖြစ်သည်။ ကုန်းဘောင်ခေတ် အစတွင် သက်တော် (၃၉) သာရှိသေး၏ ။ သက္ကရာဇ် ၁ဝ၇၆ တွင်ဖွားမြင်၍ ဇာတိရပ်ရွာမှာ သစိုးမန်လည်ရွာဖြစ်ကာ ငယ်အမည်မှာ သာကြီး ဟုခေါ်တွင်သည်။[] သာမဏေဝတ်သောအခါ ရှင်ဂုဏ ဘွဲ့အမည်ရရှိ၏ ။ သာမဏေခုနစ်ဝါ၊ သက်တော် နှစ်ဆယ်ကျော်၌ ရဟန်းပြုသည်။ ရဟန်းအမည် ဂုနမဉ္စူ ဖြစ်သည်။ စဉ့်ကူးမင်းလက်ထက် သင်္ကန်းဝတ်ရုံကို တင်ခြင်း၊ ရုံခြင်း အဓိကရုဏ်းဖြစ်သောအခါ ရဟန်းများ ကျောင်းမှထွက်ခွာလျှင် သင်္ကန်းကိုလုံခြုံအောင် ဝတ်ရုံရမည်၊ ဗလာဖခုံးထက်၌ ခေါက်၍တင်ရုံဖြင့်မရဟု ဆုံးဖြတ်ခဲ့သည်။[] ဤအဓိကရုဏ် ငြိမ်းအေးသောအခါ ဂုဏမုနိန္ဒာအဓိပတိပဝရသာမိ မဟာဓမ္မ ရာဇာဓိရာဇဂုရု တံဆိပ်တော်ကို ချီးမြှင့်ခြင်းခံရသည်။ စဉ့်ကူးမင်းလက်ထက်၌ ဖြစ်သည်။

ဘိုးတော်မင်းတရားကြီးလက်ထက်ကန္နီမြို့ကို အပိုင်စားရသော သမီးတော်ကြီးနှင့် ခမည်းတော် မင်းတရားကြီးတို့ကိုးကွယ်ကြသည်။ ရွှေမြို့တော် အရှေ့တောင်ယွန်း၌ သမီးတော် ကန္နီမင်းသမီး ဆောက်လုပ်အပ်သော အမိုးလေးဆင့်ရှိရွှေကျောင်းတော်ကို ဘုံသာဝေယံ ကမ္ပည်း တပ်၍ ၁၁၅၃ ခုနှစ် နတ်တော်လဆန်းတစ်ဆယ့်နှစ်ရက် ဗုဒ္ဓဟူးနေ့တွင် မင်းဧကရာဇ်ကိုယ်တိုင် ရွှေကရားဖြင့်ရေစက်သွန်းချ၍ မန်လည်ဆရာတော်ကြီးအား တင်လှူပြီး သာသနာပိုင်လည်း အပ်တော်မူသည်။

မန်လည်ဆရာတော်ကြီးသည် သီလပညာ၌ အလွန်ထူးချွန်သူဖြစ်ကာ ဝိနယသင်္ဂဟအဋ္ဌကထာတစ်စောင်လုံး နှုတ်တက် ဆောင်သော ကြောင့်ဝိနည်းသင်္ဂြိုဟ်ဟု ဆရာတို့က ဆိုစမှတ် ပြုကြသည်။ ဝိနည်းအဆုံးအဖြတ်၌ ပိုင်နိုင်ကျွမ်းကျင်သည်။[] စကားအရာ၌လည်း သူတစ်ပါး မေးခွန်းပြန်လည်မထုတ်နိုင်လောက်အောင် မိန့်ကြားဖြေဆိုတတ်သည်။ ထိုမင်းတရားကြီး လက်ထက် မန်လည်ဆရာတော်ကြီးကို "သမ္မုတိမှန်၏လော" ဟု အတွင်းဝန်ကမေးလျှောက်ရာ "ငါ့ဆရာလည်းမှန်၏၊ ငါလည်းမှန်၏" ဟုမိန့်ဆိုသောအခါ သည့်တိုင်းဖြစ်လျှင် နှလုံးတော်နှင့်မတိုက်မိရှိချိမ့်မည်၊ လျှောက်ပြန်ရာ မတိုက်မိသည်ကို တိုက်မိအောင်ငါမဆိုသာ၊ မတိုက်မိ၍ ထားသောမင်းဒဏ်ကိုလည်း စိုးရိမ်သင့်သည်မဟုတ် ရေးသာရေးဟု မင်းမျက်နှာကိုမလိုက်ပဲမိန့်ဆိုသည်။ တစ်ရံရောအခါ တပည့်ဖြစ်သော မုန်တောဆရာတော်၊ မဲထီးဆရာတော်၊ ဆင်တဲဆရာတော်တို့အချင်းချင်း နှလုံးမသာ ရှိကြသည်ကိုခေါ်၍ ငါအရွယ်ကြီးပြီ၊ မည်သူနှင့်မျှခိုက်ရန်မဖြစ်စဖူးဟူ၍သာမိန့်ဆိုသည်။

တပည့်သုံးပါးလည်း စိတ်နှလုံးချမ်းသာစွာရှိကြသည်။ မန်လည်ဆရာတော်ကြီးသည် သက်တော် ၉၃ (ဝါတော် ၇၁) ၁၈၀၇[] (မြန်မာသက္ကရာဇ် ၁၁၆၉) တွင် မိုးထိတိုက် ဘုံသာဝေယံကျောင်းတော်ကြီး၌ ပျံလွန်သည်။ လွန်သောအခါ သိက္ခာကိုစွန့်၍ လွန်သောဟူ၏။ ရရှိခဲ့သော တံဆိပ်တော်တို့မှာ 'ဂုဏမုနိန္နာဓိပတိမဟာ ဓမ္မရာဇာဓိရာဇဂုရု၊ ဂုဏမုနိန္နာဓိပတိပဝရသာမိ မဟာဓမ္မရာဇာဓိရာဇဂုရု တို့ဖြစ်ကြသည်။[]

Remove ads

အခြားကြည့်ရန်

မန်လည်ဆရာတော် (ဒုတိယ)

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads