သာသနာပိုင်အရှင်သဒ္ဓမ္မဋ္ဌိတိဆရာတော်

From Wikipedia, the free encyclopedia

Remove ads

သာသနာပိုင်အရှင်သဒ္ဓမ္မဋ္ဌိတိဆရာတော်ကား တောင်ဘီလူး ပရက္ကမအနွယ် အရှင်သာရဒဿီ၏တပည့်ဖြစ်သည်။ ပြည်မြို့မှအရှေ့စူးစူး တာရှစ်ရာမျှလောက်၊ ရသေ့ပြည်တွင်းမှ အနောက်စူးစူး တာငါးရာမျှလောက်ကွာသောကျောင်း၌သီတင်းသုံး၏။ ကျောင်းမဟာရံအတွင်း၌ နာဋ္ဌာဂိရိကုန်းဟု အများသမုတ်သော အရပ်ရှိသတတ်၊ ၈ဝ၄ခုနှစ် အင်းဝပြည်တွင်မင်းဖြစ်သော ထူပါရုံဒါယကာနရပတိမင်းကြီး၏သား တော်လတ် မင်းဆင်များကိုမင်းကြီးစွာအမည်ဖြင့် ပြည်မြို့ကိုပေးသောအခါ မင်းကြီးကတောင်ကိုဂူထွတ် တရုပ်မှော်၊ အနောက်ကိုဖိုးခေါင်၊ အရှေ့ကိုကုန်းခေါင်၊ မြောက်ကိုမလွန်၊ တောင်ခွင်ကျွန်းတော် ဤနယ်လေးရပါအတွင်း၌ လူဖွေး ဖွေးကိုငါ့သားစီစဉ်စေ၊ ရှင်ချင်းချင်းကိုငါ့ဆရာစီရင်စေဟုအမိန့်တော်နှင့်အရှင်သဒ္ဓမ္မဋ္ဌိတိ ဆရာတော်ကို သာသနာပိုင်အပ်တော်မူသည်။[]


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads