သားအိမ်
From Wikipedia, the free encyclopedia
Remove ads
သားအိမ်သည် လူအပါအဝင် နို့တိုက်သတ္တဝါ အများစု၏ မမျိုးပွားအင်္ဂါ တစ်ရပ်ဖြစ်သည်။ သားအိမ်ခေါင်းသည် သားအိမ်လမ်းကြောင်းမှ မအင်္ဂါသို့ ပွင့်ထွက်နေပြီး အခြားတစ်ဖက်တွင် သားဥပြွန်နှင့် ဆက်လျက်ရှိသည်။ အမသတ္တဝါများ ကိုယ်ဝန်ဆောင်ချိန်တွင် အထူးသဖြင့် အချင်းပါ နို့တိုက်သတ္တဝါများတွင် ကိုယ်ဝန်ဆောင်သည့် ကာလပတ်လုံး သန္ဓေသားသည် သားအိမ်အတွင်း၌ ကြီးထွားဖွံ့ဖြိုးသည်။ အမသတ္တဝါများ သန္ဓေသား အရွယ်တွင် သားအိမ် ၂ ခု ဖွံ့ဖြိုးလာပြီး အချင်းပါ နို့တိုက်သတ္တဝါများတွင် မျိုးစိတ်အလိုက် တစ်ခုတည်းအဖြစ် လုံးဝ သို့မဟုတ် တစိတ်တဒေသ ပေါင်းစည်း သွားလေ့ရှိသည်။ အချို့မျိုးစိတ်များတွင် သားအိမ် ၂ ခု ရှိသော်လည်း ၁ ခုမှာ အသုံးမဝင်ပေ။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads