သိခီဘုရား

From Wikipedia, the free encyclopedia

သိခီဘုရား
Remove ads

ဝိပဿီမြတ်စွာဘုရားပွင့်တော်မူသည့် သာရကမ္ဘာ ကုန်ဆုံးပျက်စီးပြီးနောက်တွင် ဘုရားရှင်တို့ပွင့်ထွန်းခြင်းမှ ကင်းဆိတ်သော ဘုရားမပွင့်သော သုညကမ္ဘာပေါင်း (၅၉)ကမ္ဘာတို့ ကုန်ဆုံးပျက်စီးသွားသည်။ ထိုမှနောက်တွင်၊ ဤကမ္ဘာမှပြန်၍ရေတွက်သော် (၃၁)ကမ္ဘာမြောက် ဖြစ်သော မဏ္ဍကမ္ဘာတစ်ခု၌ သိခီ၊ ဝေဿဘူ (သိ၊ ဝေ)ဘုရားနှစ်ဆူတို့ ပွင့်တော်မူကြသည်။

ဖြစ်တော်စဉ်

ထိုနှစ်ဆူတွင် ရှေးဦးပွင့်သော သိခီဘုရားရှင်သည် လူတို့သက်တမ်း အသင်္ချေယျတမ်းမှ တရွေ့ရွေ့ ဆုတ်လာရာ အနှစ်(၇၀, ဝဝဝ)ခု နှစ်သောင်း တမ်းသို့ ရောက်သောအခါ (၁၀)ပါး ပါရမီ စုံ ပြည် ညီလာ၍ တုသိတာနတ်ပြည် မှ လူ့ပြည်သိုသက်ဆင်းခဲ့ပြီး အရုဏဝတီ မြို့တော်၌ အရုဏမင်းကြီး၏ အဂ္ဂမဟေသီ ပဘာဝတီဒေဝီ မိဖုရားကြီး၏ ဝမ်းကြာတိုက်၌ သန္ဓေစွဲ၍ နိသဘ ဥယျာဉ်တော်တွင်း၌အမိဝမ်းမှ ဖွားမြင်တော်မူသည်။ နာမည်မှည့်သောနေ့တွင် အလောင်းတော် မင်းသားသည် သင်းကျစ်သားသည် ဥဒေါင်း၏ အမောက်ကဲ့သို့ မြင့်မောက်တက်နေသည်ကို အစွဲပြုကာ သိခီမင်းသားဟု မှည့်ခေါ်ကြသည်။ သိခီမင်းသားအရွယ်ရောက်သောအခါ သဗ္ဗကာမာဒေဝီ မိဖုရားကြီ အမှူးပြုသော မောင်းမမိဿံများခြံရံလျှက် သုစန္ဒကသိရီ၊ ဝီရိယ၊ နာရိဝသဘ နန်းမသုံးဆောင်တို့၌ သားတော်အတုလမင်းသား ဖွားမြင်သည် တိုင်အောင် နှစ်ပေါင်း(၇၀၀၀)ခုနှစ်ထောင် ကာလပတ်လုံး ရွှေနန်းစည်းစိမ်ကို ခံစားစဉ် နိမိတ်ကြီးလေးပါးကို ရှုမြင်ရ၍ ထိတ်လန့်မှု့ သံဝေဂဖြစ်ကာ ဆင်ရတနာယာဉ်စီးပြီး တောထွက်တော်မူသည်။ ဒုက္ကရစရိယာ အကျင့်မြတ်ကို (၈) လကျင့်၍ ပုဏ္ဏရိကရုက္ခဗောဓိ-သရက်ဖြူပင်ဗောဓိကို အမှီပြုကာ သဗ္ဗညုတ ဉာဏ်တော်ကို ရပြီး သမ္မာသဗုဒ္ဓဘုရား ဖြစ်တော်မူသည်။

Remove ads

ဂေါတမဘုရားအလောင်းတော်

သိခီဘုရားရှင်လက်ထက်တော်အခါ၌ ဂေါတမဗုဒ္ဓလောင်းလျာသည် အရိန္ဒမ မည်သောမင်းကြီးဖြစ်၍ ဘုရားအမှူးရှိသော သံဃာတော်များကို ပင့်၍ ကြီးစွာသော အလှူကြီးကိုလှူဒါန်းစဉ် နိယတဗျာဒိတ်ပန်းကို ပန်ဆင်ရလေသည်။

တပည့်သာဝကများ

  • အဂ္ဂသာဝကကြီး ယာ+ဝဲ (၂)ပါး-အရှင်အဘိဘူထေရ်၊ အရှင်သမ္ဘသထေရ်တို့တည်း။
  • အနီးနေ ပြုစု လုပ်ကျွေးသောရဟန်းကား-အရှင်ခေမင်္ကရထေရ်တည်း။
  • အဂ္ဂသာဝိကာမကြီး ယာ+ဝဲ (၂)ပါး-အရှင်မ သခိလာထေရီ၊ အရှင်မ ပဒုမာထေရီတို့တည်း။
  • အဂ္ဂဒါယကာကြီး (၂) ဦး-သိရီဝဍ္ဎနသူဋ္ဌေး၊ နန္ဒသူဋ္ဌေးတို့တည်း။
  • အဂ္ဂဒါယိကာမကြီး (၂) ဦး-စိတ္တာဥပါသိကာမ၊ သုဂုတ္တာဥပါသိကာမတို့တည်း။

သိခီမြတ်စွာဘုရား၏ အရပ်တော် (ဉာဏ်တော်)မှာ အတောင်(၇၀)မြင့်၍ ကိုယ်တော်မှထွက်သောရောင်ခြင်တော်ကား- သုံးယူဇနာတိုင်တိုင်ပျံ့နှံ့၏။ သိခီမြတ်စွာဘုရားသည် ဗုဒ္ဓကိစ္စ ငါးပါးတို့ကို ပြီးပြည့်စုံအောင် ဆောင်ရွက်ပြီး၍ သက်တော်(၅၆, ဝဝဝ) ငါးသောင်းခြောက်ထောင် ရှိသောအခါ သီလဝတီမြို့အနီးရှိ သီလဝတီမြို့အနီးရှိ အဿမ မည်သော ဥယျာဉ်တော်၌ ပရိနိဗ္ဗာန်ဝင်စံတော်မူသည်။ တခဲနက်သော အသမ္ဘိန္နဓာတ်တော်များကို စေတီတည်၍ လူတို့ကိုးကွယ်ကြသတည်း။ . . .

၂၃။ သိခီ-ဘုရားရှိခိုး+ဆုတောင်းဂါထာ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads