သိန်းညွန့် (ဒေါက်တာ ပါမောက္ခ)
From Wikipedia, the free encyclopedia
Remove ads
သိန်းညွန့်၊ ဒေါက်တာ(ပါမောက္ခ)(၁၉၃၂-၂၀၁၁)
ပါမောက္ခဒေါက်တာသိန်းညွန့်ခေါ် ကဗျာဆရာညွန့်ဝေ(ကသာ)ကို တောအုပ်ကြီး ဦးလေးမောင်၊ ဒေါ်အိမ်တို့က ၁၉၃၂ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်တွင် တောင်တွင်းကြီးမြို့၌ မွေးဖွားသည်။ မွေးချင်းခြောက်ဦးအနက် တတိယမြောက်သားဖြစ်သည်။
ပါမောက္ခ ဒေါက်တာသိန်းညွန့်သည်
တောင်တွင်းကြီးမြို့ဇာတိဖြစ်သော်လည်း ကသာမြို့၌
ပညာသင်ယူကြီးပြင်းခြင်းကြောင့် ကလောင်နာမည်ကို
ညွန့်ဝေ(ကသာ)ဟု ခံယူသည်။ အသက် ၁၅ နှစ်သား
အရွယ် အဋ္ဌမတန်းကျောင်းသားဘဝတွင် သတင်းစုံ
ဂျာနယ်၌ ပထမဆုံး ပုံနှိပ်ကဗျာဖော်ပြခံရသည်မှ
အစပြု၍ ပဒေသာ၊ ရှုမဝ၊ ငွေတာရီ၊ မြဝတီ၊
သွေးသောက်စသည့် မဂ္ဂဇင်းများ၌ ကဗျာများရေးသား
ပြီး စာပေလောကသို့ ဝင်ရောက်သည်။
ဒေါက်တာသိန်းညွန့်
ပါမောက္ခဒေါက်တာသိန်းညွန့်သည် ၁၉၆၇
ခုနှစ်တွင် 'သိမှတ်ဖွယ်ရာဆေးပညာ' စာအုပ်၊ ၁၉၉၂
ခုနှစ်တွင် 'ဇော' ဆေးပညာပေးဝတ္ထုရှည်စာအုပ်၊ 'စိတ်ပြ
တင်း' ကဗျာများစာအုပ်၊ ၁၉၉၈ ခုနှစ်တွင် 'ရင်မှ
ဆင်းသောမြစ်တစ်စင်း' စာအုပ်နှင့် ၂၀၀၉ ခုနှစ်တွင်
လည်ပြန်အငဲ့ စာအုပ်စသည့် လုံးချင်းစာအုပ် ငါးအုပ်နှင့်
ကဗျာပုဒ်ရေ ၁၀၀ ကျော် ရေးသားသူဖြစ်သည်။ ၁၉၉၂
ခုနှစ် အမျိုးသားစာပေဆု (ကဗျာဆု) ကို 'စိတ်ပြတင်း'
ကဗျာများ စာအုပ်ဖြင့် ဆွတ်ခူးရရှိသည်။ ၂၀၀၈ ခုနှစ်
တွင် နိုင်ငံတော်က ချီးမြှင့်သော ဝိဇ္ဇာပညာထူးချွန်ဆု
(ဒုတိယဆင့်)ကို ရရှိသည်။ ၂၀၀၉ ခုနှစ်တွင် ပခုက္ကူ
ဦးအုံးဖေတစ်သက်တာစာပေဆု ချီးမြှင့်ခြင်းခံရသည်။
ပါမောက္ခဒေါက်တာသိန်းညွန့်သည် ဆရာဝန် ဘွဲ့
(M.B.,B.S) ရရှိပြီးနောက် ၁၉၆၇ ခုနှစ်မှ ၁၉၇၀ ပြည့်နှစ်
အထိ ရုရှားနိုင်ငံ မော်စကိုဆေးပညာတက္ကသိုလ်
တက်ရောက်ပြီး Plastic Surgery ပါရဂူဘွဲ့ရရှိသည်။
၁၉၉၂ ခုနှစ်တွင် အစားထိုးပြုပြင်ခွဲစိတ်မှုနှင့် မျက်နှာ
မေးရိုးခွဲစိတ်ကုဆရာဝန်ကြီးအဖြစ်မှ အငြိမ်းစားယူသည်။
ပါမောက္ခဒေါက်တာသိန်းညွန့်သည် သက်ပြည့်
အငြိမ်းစားယူပြီးနောက် ၂၀၀၅ ခုနှစ်အထိ ကျန်းမာရေး
ဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင်
အဖြစ်လည်း ထမ်းဆောင်သည်။ အမျိုးသားစာပေဆု
စိစစ်ရွေးချယ်ရေးကော်မတီအဖွဲ့ဝင်နှင့် စာပေဗိမာန်
စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ အဖွဲ့ဝင်အဖြစ် ကွယ်လွန်
ချိန်အထိဆောင်ရွက်သည်။
တရားရုံးချုပ်ရှေ့နေ ဒေါ်ဝေဝေလွင်နှင့် လက်ထပ်
ခဲ့ပြီး သားနှစ်ဦးမွေးဖွားသည်။ ပါမောက္ခဒေါက်တာ
သိန်းညွန့်ခေါ် ကဗျာဆရာ ညွန့်ဝေ(ကသာ)သည်
၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်တွင် ရန်ကုန်မြို့၌
ကွယ်လွန်သည်။[၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads